COVID -19 ဒုတိယလှိုင်းအတွက် ဘာတွေပြင်ကြမလဲ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြည်တွင်းကူးစက်မှုတွေရှိလာပြီဖြစ်ပါတယ်။ ဒါ့အပြင် COVID-19 ကိုဖြစ်စေတဲ့ SARS- CoV – 2 ပိုးရဲ့ ပြင်းထန်တဲ့ မျိုးဗီဇ ပြောင်းလဲမှုကို တွေ့နေရပြီလို့ ဆေးပညာရှင်တွေကလည်း သတိပေးပါတယ်။

ဒီလိုကူစက်မြန်တဲ့ ပိုးအမျိုးအစားကနေ ပြည်တွင်းကူးစက်မှုကို ဖြစ်လာရင် ဒုတိယလှိုင်း ဖြစ်နိုင်ချေလည်းရှိနေပါတယ်။ ဒါ့ကြောင့် ကူးစက်မြန်စေတဲ့ G 614 မျိုးဗီဇ ပြောင်းလဲမှုဟာ ဘာပါလဲ။

Covid-19 ဒုတိယလှိုင်းဖြစ်လာရင် ဘာတွေကြုံတွေလာနိုင်ရသလဲဆိုတာနဲ့ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ကလေးငယ်တွေကို ကုသပေးခဲ့သူလည်းဖြစ်၊ ကလေးအထူးကုဆရာဝန်ကြီးလည်း ဖြစ်တဲ့ ဒေါက်တာခင်ခင်ထားနဲ့ သွားလာစောင့်ကြပ်ရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ လှိုင်သာယာ ပညာဖွံ့ဖြိုးရေး သင်တန်းကျောင်းက ကိုဇေကိုကိုတို့နဲ့ မေးမြန်းတင်ဆက်တာကို ထုတ်လွှင့်တင်ဆက်ပေးလိုက်ပါတယ်။