COVID -19 ရောဂါ အသိပညာပေးမှုများကို မင်္ဂလာတောင်ညွှန့်ရှိ ဈေးအချို့တွင်ပြုလုပ်

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်ဘဲဈေးနှင့် သိမ်ဖြူဈေးတို့တွင် COVID-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဝေငှခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့နံနက် ၈ နာရီအထိ မြန်မာနိုင်ငံတွင် Covid 19 ဓာတ်ခွဲအတည်ပြုလူနာ (၅၈၆)ဦးအထိရှိပြီဖြစ်သည်။

ဓာတ်ပုံ – ဖိုးသား/စံတော်ချိန်