အမေရိကန်အိုးပင်းအကြိုဗိုလ်လုပွဲမှာ အဇာရန်ကာကို ဆရီနာဝီလျံ ရှုံးနိမ့်

ယမန်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်အိုးပင်း အမျိုးသမီးတစ်ဦးချင်း အကြိုဗိုလ်လုပွဲစဉ်မှာ အဇာရန်ကာကို ရှုံးနိမ့်သွားခဲ့ပြီးနောက် အမေရိကန်ဝါရင့်တင်းနစ်မယ် ဆရီနာဝီလျံရဲ့ ၂၄ ခုမြောက် ဂရန်းစလမ်းချန်ပီယံအိပ်မက်ဟာ ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ဆရီနာဝီလျံဟာ အဇာရန်ကာကို ၁-၆၊ ၆-၃၊ ၆-၃ တို့နဲ့ ရှုံးနိမ့်ခဲ့ပြီး တတိယပွဲငယ် မကစားခင် ဖနောင့်ကြောဒဏ်ရာကို ဆေးကုသမှုခံယူခဲ့ရပါတယ်။

အရင် ကမ္ဘာ့အဆင့် (၁)တင်းနစ်မယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဘီလာရုစ်နိုင်ငံသူ အဇာရန်ကာဟာ လာမယ့်စနေနေ့ ဗိုလ်လုပွဲမှာတော့ ၂၀၁၈ ခုနှစ် အမေရိကန်အိုးပင်းချန်ပီယံ နာအိုမီအိုဆာကာနဲ့ ရင်ဆိုင်ရမယ်လို့ ဘီဘီစီအားကစားသတင်းမှာ ဖော်ပြထားပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – BBC