နီပေါနိုင်ငံမှာ မြေပြိုကျမှုကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၂၀ ဦးခန့်ရှိ

နီပေါနိုင်ငံ၊ ဆင်ဒူပယ်လ်ချော့ခ်ခရိုင်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့သလို တစ်ခြားပျောက်ဆုံးနေသူ ၂၀ ဦးကိုလည်း ရှာဖွေနေရတယ်လို့ CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြေပြိုမှုကြောင့် နေအိမ် ၁၁ လုံး ပျက်ဆီးသွားခဲ့ပြီး ဒဏ်ရာရသူ ၅ ဦးလည်းရှိခဲ့ပါတယ်။

မိုးရာသီကာလအတွင်း နီပေါ အပါအဝင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ မြေပြိုမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိ ပြီး ၂၀၂၀ ခုနှစ်အတွင်း နီပေါတစ်နိုင်ငံတည်းမှာတင် မြေပြိုမှု ၁၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – CNN