အပူပိုင်းမုန်တိုင်း ဆယ်လီကြောင့် အမေရိကပြည်နယ်တစ်ချို့မှာ မြေပြိုမှုနဲ့ ရေလွှမ်းမှုဖြစ်ပွား

မနေ့က အမေရိကန်ကမ်းရိုးတမ်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ဆယ်လီ (Sally) ကြောင့် ဖလော်ရီဒါနဲ့ အလာဘားမားပြည်နယ်တွေမှာ ‌မြေပြိုမှုနဲ့ ရေလွှမ်းမိုးမှုတွေ ဆိုးဆိုးရွားဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

အဆင့် ၂ ဟာရီကိန်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဆယ်လီမုန်တိုင်းဟာ ယမန်နေ့က အမေရိကကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး မုန်တိုင်းနောက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ပင်ဆာကိုလာမြို့ရဲ့ မီးသတ်အဖွဲ့ခေါင်းဆောင် ဂင်နီခရာနော် က “ ၄ လလောက် ရွာရမယ့် မိုးရေချိန်ပမာဏကို ၄ နာရီတည်းနဲ့ ရွာချခဲ့တာပါ” လို့ CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မိုးရွာသွန်းမှုနဲ့အတူ မြေပြိုမှုတွေဖြစ်ပွားခဲ့တာကြောင့် လက်ရှိအချိန်အထိ အမေရိကန်ပြည်သူ ၅ သိန်းခန့်ဟာ လျှပ်စစ်မီးပြတ်တောက်မှုကို ခံစားနေရဆဲဖြစ်ကြောင်း သိရပါတယ်။

သတင်း – ကိုဆွဲ(မုံရွာ)
ကိုးကား – BBC