ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ တရုတ်ဆက်လက်လုပ်ဆောင်နေ

တိုင်ပေမြို့မှာ အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးနဲ့ ထိုင်ဝမ်အစိုးရခေါင်းဆောင်တွေ အစည်းအဝေးကျင်းပတဲ့ သောကြာနေ့ တစ်ရက်တည်းမှာပဲ တရုတ်စစ်တပ်ကလည်း ထိုင်ဝမ်ရေလက်ကြားအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်လုပ်ဆောင်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

ထိုင်ဝမ်နဲ့အမေရိကန်တို့အကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိလာတာကို စောင့်ကြည့်နေတဲ့ ပေကျင်းအစိုးရဟာ အရင်တစ်ပတ်ကလည်း ထိုင်ဝမ်ရေလက်ကြားမှာ ရေကြောင်းနဲ့ လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို နှစ်ရက်ကြာ လုပ်ခဲ့ပါသေးတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ရန်ခိုကျန်က တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် လိုအပ်တာကြောင့် စစ်ရေးလေ့ကျင့်ရတာဖြစ်တယ်လို့ ဆိုထားပြီး သောကြာနေ့ စစ်ရေးလေ့ကျင့်မှုမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်က ပါဝင် လေ့ကျင့်သွားမယ်လို့ ပြောပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Reuters