COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၄၉) ဦး ထပ်တိုး၊

ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၄,၈၇၀) ဦး ထိရှိလာ

ယနေ့၊ နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက် စုစုပေါင်း (၂,၁၆၆)ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၂၄၉ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် ယနေ့၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄,၈၇၀) ဦးရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၈၁)ဦး ရှိပြီဖြစ်သည်။

တို့အပြင်ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၁,၁၈၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီမှ စက်တင်ဘာ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၂၈) ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်း-သီတာလွင်/စံတော်ချိန်