အောက်တိုဘာလဆန်းပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ဆုဂါ တွေ့ဆုံဆွေးဖို့ရှိ

ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန်ဝန်ကြီးချုပ်သစ်ဖြစ်လာခဲ့တဲ့ ယိုရှီဟီဒဲဆုဂါဟာ လတ်တလောရင်ဆိုင်နေရတဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုအပါအဝင် တစ်ခြားထိပ်တန်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ အောက်တိုဘာလဆန်းပိုင်းမှာ တွေ့ဆုံသွားမယ်လို့ NHK သတင်းက ဖော်ပြပါတယ်။

ဂျပန်နဲ့အမေရိကန်အပြင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ သြစတြေးလျနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ COVID-19 ကပ်ရောဂါကို ပူးပေါင်းတိုက်ဖျက်သွားဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။

ဆွေးနွေးမှုကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပမှာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုဟာ အောက်တိုဘာလဆန်းပိုင်းမှာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဆုဂါနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ဟာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံဆွေးနွေးမှုမတိုင်ခင် တနင်္ဂနွေနေ့မှာ ဖုန်းဆက် စကားပြောဖို့ရှိနေကြောင်းလည်း NHK သတင်းဌာနက ဖော်ပြထားပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – NHK