ဝုဗ်နဲ့ပွဲ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး မပါနိုင်သေး

မန်စီးတီးအသင်းမှာ ဒူးဒဏ်ရာခွဲစိပ်ကုသမှုခံခဲ့ရတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒဏ်ရာသက်သာနေပြီဖြစ်ပေမယ့် ပွဲကြံ့ခိုင်မှုလိုအပ်နေသေးတာကြောင့် နောက်ထပ် တစ်လလောက်အထိ အချိန်ယူလေ့ကျင့်ရဖွယ်ရှိနေတယ်လို့ ဒေးလီးမေးလ်သတင်းစာမှာ ဖော်ပြထားပါတယ်။

အဂွဲရိုးဟာ အစောပိုင်းက ဝုဗ်နဲ့ပွဲအမီ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် သောကြာနေ့အထိ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရတာကြောင့် အဖွင့်ပွဲစဉ်ကို သေချာပေါက် သူလွဲချော်မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းမှာ ပြင်သစ်နောက်ခံလူ လာပေါ့လည်း သောကြာနေ့ကမှ လေ့ကျင့်ခန်းပြန်ဆင်းနိုင်လို့ တနင်္လာနေ့မှာ ကစားရမယ့် ဝုဗ်နဲ့ပွဲကို လွှဲချော်ရနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

လာပေါ့ရဲ့ကြံ့ခိုင်မှုအခြေအနေအရ နောက်ခံလူသစ် နသန်အကီကို စတင်ပွဲထုတ်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Dailymail.co.uk