ဂျပန်နိုင်ငံမှာ ရုပ်ရှင်ရုံတွေကို ပရိသတ် ၅၀ ရာခိုင်နှုန်းအထိ ဝင်ကြည့်ခွင့်ပေး

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်လာနိုင်ပြီးနောက် ရုပ်ရှင်ရုံနဲ့ တစ်ခြားဖျော်ဖြေရေးရုံတွေမှာ ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့် တိုးမြှင့်ပေးလိုက်ပါတယ်။

ဂျပန်အစိုးရရဲ့ဖြေလျှော့ပေးလိုက်တဲ့ စည်းမျဉ်းတွေကြောင့် အခုဆိုရင် ရုပ်ရှင်ရုံတွေမှာ ပုံမှန်ဝင်ခွင့်ပေးထားတဲ့ ပရိသတ်ဦးရေရဲ့ ထက်ဝက်လောက်အထိ ဝင်ရောက်ကြည့်ရှုခွင့်ရတော့မှာဖြစ်ပါတယ်။

ရုပ်ရှင်ရုံတွေအပြင် ဘေ့စ်ဘောနဲ့ ဘောလုံးပွဲတွေလို အားကစားပြိုင်ပွဲတွေမှာလည်း ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့်ကို လူဦးရေတစ်သောင်းအထိ တိုးမြှင့်ပေးလိုက်ကြောင်း မာအီနီချီသတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Mainichi.jp