COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၆ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ စုစုပေါင်း ၈၁ ဦးအထိရှိလာ

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ ၆ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့(စက်တင်ဘာ ၁၉ ရက်) ညနေပိုင်းက သတင်းထုတ်ပြန်လိုက်သည်။

သေဆုံးသူလူနာများမှာ အသက် ၆၀ မှ ၈၀ ကြားအရွယ်ရှိ လူနာများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့(စက်တင်ဘာ ၁၉ ရက်) ညနေ ၄ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄,၆၂၁) ဦးအထိရှိပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ၈၁ ဦးအထိရှိနေပြီဖြစ်သည်။

သတင်း – သီတာလွင်/စံတော်ချိန်