ကာဘွန်မိုနော့ဆိုက်ဒ်ဓာတ်ငွေ့လွန်ကဲမှုကြောင့် ကျောက် မီးသွေး တွင်းအလုပ်သမား အနည်းဆုံး ၁၆ ဦးသေဆုံး

တရုတ်နိုငံတောင်ပိုင်းက ကျောက်မီးသွေးမိုင်းတွင်းတွင် ကာဘွန်မိုနော့ ဆိုက်ဒ်ဓာတ်ငွေ့ လွန်ကဲမှုကြောင့် အလုပ်သမား ၁၆ ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံအာဏာပိုင်များနှင့် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ချုံကင်းမြို့ပြင်နားက ကျောက်မီးသွေးမိုင်းတွင်းတွင် ပစ္စည်းသယ် ဆောင် ရေးအတွက် အသုံးပြုသည့် ကွန်ဗေယာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ကာဘွန်မိုနော့ဆိုက်ဒ်ဓာတ်ငွေ့ထုတ်လွှတ်မှု အလွန်မြင့်မားသွားခဲ့၍ မိုင်း တွင်းထဲ၌ ပိတ်မိနေသည့် အလုပ်သမား ၁၇ အနက် ၁၆ ဦးအထိ အသက် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ဆေးရုံရောက်နေသော အလုပ်သမားတစ်ဦးအား အသက်ကယ်နိုင်ရန် ဆရာဝန်များက ကြိုးစားကုသနေသည်ဟု CCTVသတင်းဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံရှိ မိုင်းတွင်းများတွင် လုံခြုံမှုအားနည်း၍ မကြာခဏဆိုသကဲ့သို့ အသက်အန္တရာယ်ရှိသည့် မတော်တဆမှုများဖြစ်ပွားလေ့ရှိပြီး ယမန်နှစ် ဒီဇင်ဘာလကလည်း Guizhou ပြည်နယ်က ကျောက်မီးသွေးတွင်းတွင် မီးလောင်မှုဖြစ်ပြီး အနည်းဆုံး အလုပ်သမား ၁၄ဦးသေဆုံးခဲ့ရသည်။

သတင်း-မောင်ဇေယျ
ကိုးကား – Xinhua
ဓာတ်ပုံ -CGTN