COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၀ ဦး ထပ်မံသေဆုံး၊ လူနာသစ် (၈၉၇)ဦး ထပ်တိုး

COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၅၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၉၇)ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ထပ်မံသေဆုံးသူ ၃၀ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူများအနက် ၁၅ ဦးမှာ ဆေးရုံသို့ သေဆုံးပြီးမှ ရောက်ရှိသူများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ဆေးရုံဆင်းခွင့်ရသူ ၂၁၁ ဦးရှိပြီး စုစုပေါင်း(၃,၀၇၃) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယနေ့၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၁,၆၃၁) ဦးရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၂၅၆)ဦး ရှိပြီဖြစ်သည်။

သတင်း-သီတာလွင်/စံတော်ချိန်