သစ်ရွက်တွေ သူ့သဘောအတိုင်းကြွေ
လေတွေ သူ့အထာအတိုင်းတိုက်တာ
သဘာဝကျလှပါတယ် ။
လမ်းပေါ်မှာ Mask တွေလဲကျနေပြီး
လေထဲ Virus တွေပျံ့နှံ့နေ
သတိကပ်ထားရမယ့် ဉာဏ်
အသိတရားထားရမယ့် ပညာ
အရာရာဆင်ခြင်စဉ်းစားပါ။
ဖြစ်ပြီးရင်ပျက်တယ်ဆိုပေမယ့်
အကြောင်း အကျိုးတော့ရှိရမှာပေါ့
တနင်္ဂနွေ၊ ပြဿဒါး၊ သောကြာ၊ ရက်ရာဇာ
အချိန်တွေ နေ့ရက်တွေ ရွေးမနေပါနဲ့
မေတ္တာတရား နေ့တိုင်းထား ခွန်အားဖြည့်ပါ။
Virus က အသားအရောင် မရွေးဘူး
Virus က လူမျိးဘာသာ မရွေးဘူး
Virus က ဆင်းရဲချမ်းသာ မရွေးဘူး
နဂါးခေါင်းဘယ်ဘက်လှည့်လှည့်
Virus တွေ ကမ္ဘာပေါ်က
လှည့်ပြန်သွားဖို့သာ အရေးကြီးတယ် ။
လက်ကို စင်ကြယ်စွာဆေးပါ
စိတ်ကို ဖြူစင်အောင်တွေးပါ
ကိုယ်ချင်းစာတတ်သူတွေရဲ့ကောင်းကင်မှာ
ကြယ်ဆိုတာ အမြဲလင်းပါတယ်…။ ။
လင်းခ(မော်လမြိုင်)