တောင့်ထား….ရန်ကုန် ( ၂ )

မီးပွိုင့်မှာ

ကားတွေချောင်ပြီး

အိမ်ထဲမှာ

အသက်ရှူရတာ ကြပ်နေတယ် ။

ကိန်းဂဏန်းအမှတ်စဉ်တွေ

တိုး လာပြီး

ခြေလှမ်းရမယ့်မြေက

ကျဉ်းလာတယ် ။

နာရီလက်တံတွေက နှေးလာပြီး

ရင်ခုန်သံတွေက မြန်လာတယ် ။

ဆယ်တန်းအောင်စာရင်းဟာ

စိတ်အလှုပ်ရှားဆုံးလို့ထင်မိတာ

မှား မှန်း သိလာတယ် ။

ကိုယ်ကောင်းရင်

ခေါင်းမရွေ့ဘူး..ဆိုတာထက်

ပတ်ဝန်ကျင်အတွက်ပါ

ငဲ့စောင်းကြည့်နေရတယ် ။

တောင့်ထားလိုက်ပါ..ရန်ကုန်

အောင့်ထားလိုက်ပါ..ရန်ကုန် ။

ငါတို့နီးနီး နေရဖို့အတွက်

ခဏ ဝေးဝေးနေကြရအောင်

တချို့တိုက်ပွဲတွေက

သတ္တိရှိတိုင်း

ရင်ဆိုင်အနိုင်ယူလို့မရဘူး ။

ကြာကြာပုန်းနိုင်ရင်လည်း

နိုင်တယ်…ရန်ကုန်။

အဲမုခ