“အချစ်သံတမန်”

ကြာတတ်တာတွေ
မကြာစေဖို့ ကြာတွေလှူလို့
ဆုတောင်းခဲ့သူ။
သူ့ခေတ် သူ့အခါ
ကဗျာအရာမူ
ဆရာ တစ်ဆူမို့
ပို့စကတ်လေးများ
သိမ်းထား ရှာကြည့်
သိမှာပါလေ…။
ဆန်းထွန်းရဲ့ သရုပ်ဖော်ပုံမှာ
သူ့ ကဗျာကရုပ်လုံကြွ
နှလုံးသားမှန်သမျှ လှလှပပ
ချစ်ကြိုးတွယ်ငင်
သံယောဇဉ် ချည်နှောင်တင်း
သူဟာ…
သံခင်း တမန်ခင်းဖြစ်ခဲ့။
မြန်မာစာမှာလည်း
ဆရာ တစ်ဆူကွယ့်
အချစ်နဲ့ ပတ်သက်ပြန်တော့
အောင်သွယ်တော်ပေါ့နော်…။
မညာပါနဲ့ဗျာ
နှစ်ငါးဆယ် အလွန်
ရင်ဘတ်ချင်း တူသူတွေထဲ
အချစ်ကဲ တောင်တန်းလေးမှာ
မောင်ပန်းမွှေးဟာ မပါမဖြစ်
အချစ်မှာ တစ်တပ် တအား
မြားနတ်မောင်ဆိုလည်း မမှားတဲ့ဆရာ
ကောင်းရာသုဂတိ လားပါစေ…။ ။
(ဆရာမောင်ပန်းမွှေး…သို့ )

ရွှေညာခိုင်စိုး