ညီညွတ်သော ဒီမိုကရက်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး နေပြည်တော်တွင် မဲဆွယ် စည်းရုံး

ညီညွတ်သော ဒီမိုကရက်ပါတီသည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နေပြည်တော်၌ ယနေ့(အောက်တိုဘာ ၇ ရက်)နံနက်ပိုင်းက အင်အားရာနှင့်ချီ၍လှည့်လည်မဲဆွယ်စည်းရုံးခဲ့ကြသည်။

အဆိုပါ မဲဆွယ်စည်းရုံးမှုတွင် နေပြည်တော် (၈) မြို့နယ်မှ ပါတီဝင်များ၊ ၀န်းရံသူများက မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ဥပ္ပါတသန္တိဘုရား အနီးမှ စတင်ကာ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်များအပါအ၀င် နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ လှည့်လည်အင်အားပြခဲ့ခြင်းဖြစ်သည်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ ခေါ် နှင်းဆီပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဓာတ်ပုံ – မင်းမင်းထွန်း