ကမ္ဘာမြေကိုချစ်တဲ့တစ်ကိုယ်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား

မြန်မာနိုင်ငံမှာ ပလက်စတစ် တန်ချိန် ၁၁၉ တန်ဟာ နေ့စဉ် ဧရာဝတီ မြစ် ထဲကို စီးဝင်နေပါတယ်။ ဒီအတွက်ကြောင့်ပဲ ဧရာဝတီမြစ်ဟာ ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်ကြီး ဆယ်စင်းထဲမှာ ပါဝင်နေတာပါ။

ဒီလိုစွန့်ပစ် တာတွေများလာတာနဲ့အမျှ ဧရာဝတီမြစ် ကိုမှီခိုနေရတဲ့ ရေနေသတ္တဝါတွေဟာလည်း မျိုးတုန်းပျောက်ကွယ်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးကြပါတယ်။

သဘာဝပတ်ဝန်းကျင် ပညာရှင်တွေ ကတော့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချဖို့နဲ့ ပြန်လည်အသုံးပြုလို့မရတော့တဲ့ စွန့်ပစ် ပစ္စည်း တွေကို သုံးစွဲမှုလျော့ချဖို့ တိုက်တွန်းနေပါတယ်

မြန်မာနိုင်ငံအောက်ပိုင်း ဒေသက မြိတ်မြို့မှာတော့ ဒီလိုစွန့်ပစ် ပစ္စည်းတွေက နေ လူသုံးကုန် နဲ့အိမ်သုံး ပစ္စည်းတွေအဖြစ်ထုတ်လုပ်နေ ရင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့တစ်ကိုယ်တော်ကြိုးစားနေတဲ့ ကိုသန်းဇော်ဦးရဲ့အကြောင်းကိုစံတော်ချိန်ကရိုက်ကူးတင်ဆက်ထားပါတယ်၊။

ရိုက်ကူး-ကျော်သက်အောင်
တင်ဆက်-မိုးသိမ့်နိုင်