မိုင်လေဆိုင်းရပ်စ် နိုဝင်ဘာလထဲ အယ်လ်ဘမ်အသစ်ထုတ်လွှင့်ဖို့စီစဉ်နေ

နိုဝင်ဘာလထဲမှာ သူ့ရဲ့စတူဒီယိုအယ်လ်ဘမ်အသစ်ကို စတင်ထုတ်လွှင့်ဖို့ မိုင်လေဆိုင်းရပ်စ် ပြင်ဆင်နေတယ်လို့ official charts ဝက်ဘ်ဆိုက်ရဲ့ သတင်းအရ သိရပါတယ်။

မိုင်လေဆိုင်းရပ်စ်ရဲ့ သတ္တမမြောက်အယ်လ်ဘမ်ကို အမည်မပေးရသေးပေမယ့် လောလောဆယ်သတင်းတွေမှာတော့ “She Is Miley Cyrus” လို့ အမည်ပေးဖွယ်ရှိနေကြောင်း သတင်းထွက်နေပါတယ်။

ဒီအတောအတွင်း မကြာသေးခင်က ထုတ်လွှင့်ခဲ့တဲ့ မိုင်လေဆိုင်းရပ်စ်ရဲ့ Midnight Sky သီးချင်းဟာ ဗြိတိန်ဂီတတန်းစီဇယားရဲ့ အဆင့် ၁ မှာရပ်တည်နေသလို ၂၀၂၀ ခုနှစ်ထဲ တခြားသီးချင်းတွေထက်ပိုပြီး အဆင့် ၁ နေရာမှာ အချိန်ကြာအောင်ပိုရပ်တည်နိုင်တယ်လို့ သိရပါတယ်။

ကိုးကား – officialcharts.com
သတင်း – မောင်ဇေယျ