အမေရိကန်ဒုံးခွင်းစနစ်ကိုခြိမ်းခြောက်နိုင်ဖွယ်ရှိတဲ့မြောက်ကိုရီးယားရဲ့ ဧရာမဒုံးကျည်သစ်

လွန်ခဲ့တဲ့သီတင်းပတ်အတွင်းမှာ မြောက်ကိုရီးယားနိုင်ငံရဲ့အကြီးကျယ်ဆုံးစစ်ရေးပြအခမ်းအနားကို ကျင်း ပသွားခဲ့ပါတယ်။ ဒီအခမ်းအနားဟာ မြောက်ကိုရီးယားအာဏာရပါတီဖြစ်တဲ့ အလုပ်သမားပါတီရဲ့ (၇၅ ) နှစ်မြောက်အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အထူးခြားဆုံးမြင်ကွင်းကတော့ သိပ် ကိုကြီး မားတဲ့ ဧရာမဒုံးကျည်တစ်စင်းကို ပွဲထုတ်ပြသသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီဒုံးကျည်အမျိုးအစားဟာ လက်ရှိ အချိန် အထိ မြောက်ကိုရီးယားက ပိုင်ဆိုင်ထားတဲ့ဒုံးလက်နက်တွေထဲမှာ အရွယ်အစားအကြီးမားဆုံးဖြစ်ပြီး သူ့ရဲ့ အစွမ်းသတ္တိကိုတော့ အသေးစိတ်ကြေညာခြင်းမရှိသေးပါဘူး။

နည်းဗျူဟာပိုင်းအရ အဆင့်မြင့်လက်နက်

ယခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ပြောကြားခဲ့တဲ့ခေါင်းဆောင်ကင်ဂျုံအန်ရဲ့နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ၎င်း တို့နိုင်ငံအနေနဲ့ နည်းဗျူဟာပိုင်းအရ အဆင့်မြင့်တဲ့လက်နက်တစ်မျိုးကို တီထွင်နေကြောင်း ထည့် သွင်း ပြောကြားခဲ့ပါတယ်။ ဒီလက်နက်ဟာ နည်းပညာပိုင်းဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေမှာသာ ဖန်တီး နိုင်တဲ့ လက် နက်မျိုးဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ယူဖွယ်ရာအနုပညာ လက်ရာတစ်ခုဖြစ်လာ လိမ့် မယ်လို့လည်း ကင်ဂျုံအန်က ဆိုခဲ့ပါတယ်။ ဒီနေရာမှာ နည်းဗျူဟာပိုင်းအဆင့်မြင့်လက်နက်ဆိုတာ အဏုမြူလက်နက်ကို ရည်ညွှန်းတာဖြစ်နိုင်ပါတယ်။ အခု စစ်ရေးပြအခမ်းအနားမှာ ပွဲထုတ်ပြသခဲ့တဲ့ဒုံးကျည်ဟာ အရွယ်အစား နဲ့ပုံပန်းသဏ္ဍာန်အရ တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဖြစ်ဖို့ သေချာသလောက်ရှိပြီး နျူကလီးယား လက်နက် ဟုတ်၊ မဟုတ်ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။

အမေရိကန်ဒုံးခွင်းစနစ်အတွက် ခြိမ်းခြောက်မှု

တကယ်တော့ ICBM လို့ခေါ်တဲ့ တိုက်ချင်းပစ်ဒုံးလက်နက်တွေကို မြောက်ကိုရီးယားအစိုးရ စမ်းသပ် တီ ထွင်နေခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ ၂၀၁၇ ခုနှစ်အတွင်းက ဟွာဆောင်-၁၄ လို့နာမည်ပေးထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားကို ၂ ကြိမ်စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၁၀၀၀၀ ကျော် ရောက် ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဟွာဆောင်-၁၄ ဒုံးကျည်ဟာ ဥရောပအနောက်ပိုင်းက နိုင်ငံတွေ အထိရောက်ရှိနိုင်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ နယ်နမိတ်ထက်ဝက်လောက်အထိ ရောက် ရှိနိုင် စွမ်းရှိပါတယ်။

၂၀၁၇ ခုနှစ်ထဲမှာပဲ အဆင့်မြှင့်တင်ပြောင်းလဲထားတဲ့ ဟွာဆောင်-၁၅ ဒုံးကျည်ကို မြောက်ကိုရီးယားက ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၁၃၀၀၀ အထိ ရောက်ရှိခဲ့ပြန်ပါတယ်။ ဒီအကွာအဝေးအရ အမေရိ ကန်ရဲ့ဘယ်ဒေသ၊ ဘယ်ပြည်နယ်ကိုမဆို မြောက်ကိုရီးယားဘက်က အဏုမြူလက်နက်နဲ့ ပစ်ခတ် တိုက်ခိုက် ဖို့ လက်လှမ်းမီသွားပြီလို့သတ်မှတ်ရပါလိမ့်မယ်။ ယခုပွဲထုတ်ပြသ ခဲ့တဲ့ ဧရာမ တိုက်ချင်း ပစ်ဒုံးကျည် အ သစ်ကြီးကတော့ တကယ်တမ်းစမ်းသပ်ပစ်လွှတ်ရခြင်းမရှိသေးတဲ့အတွက် သူ့ရဲ့ရောက်ရှိနိုင်စွမ်းနဲ့ နျူလက်နက်ထိပ်ဖူးဘယ်နှစ်ခုအထိ သယ်ဆောင်နိုင်မလဲဆိုတာတွေကို နိုင်ငံတကာစောင့်ကြည့် လေ့ လာသူတွေ မသိရသေးပါဘူး။ အရွယ်အစားအရ ဟွာဆောင်-၁၅ ထက် လုံးပတ်နဲ့အလျားပါ ပိုကြီးမား တာကြောင့် ဒုံးကျည်အသစ်ဖန်တီးရတဲ့ရည်ရွယ်ချက်က အကွာအဝေးရောက်ရှိဖို့ထက် နျူလက် နက် ထိပ်ဖူးတွေပိုပြီးများများသယ်ဆောင်နိုင်ဖို့ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ယခင်စမ်းသပ်ပြီးသားဖြစ်တဲ့ဟွာဆောင်-၁၄ နဲ့ ဟွာဆောင်-၁၅ ဒုံးကျည်တွေဟာ နျူ လက် နက်ထိပ် ဖူး တစ်ခုစီကိုသာ သယ်ဆောင်နိုင်ပါတယ်။ ပြီးတော့ အမေရိကရဲ့ဘယ်မြို့ကိုမဆို လက် လှမ်းမီပြီး သားဖြစ် တဲ့ဒုံးကျည်နည်းပညာကို ပိုင်ဆိုင်ထားတဲ့မြောက်ကိုရီးယားအနေနဲ့ ဒီထက်ပိုပြီး ဝေးဝေးရောက်ရှိနိုင် တဲ့ နည်းပညာလည်း မလိုအပ်တော့ပါဘူး။ ၎င်းတို့အတွက်လိုအပ်တာက ဒုံးကျည်တစ်စင်းထဲမှာ နျူလက်နက် ထိပ်ဖူး တစ်ခုမက သယ်ဆောင်နိုင်ဖို့ပါပဲ။ နျူလက်နက်ထိပ်ဖူးတစ်ခုမက ပါဝင်တဲ့ ဒုံးလက်နက်ဟာ အမေရိက န်ဒုံးခွင်းစနစ်ကိုလည်း ကျော်ဖြတ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အချုပ်အားဖြင့်တော့ စစ်ရေးပြ အခမ်းအနား မှာ ပွဲထုတ်ခဲ့တဲ့ဧရာမဒုံးလက်နက်ဟာ အမေရိကန်အတွက်တော့ တကယ့်ခြိမ်းခြောက်မှုတစ်ခုလို့ပဲ ဆိုရမှာပါ။

ဒုံးလွှတ်စင်နဲ့ သယ်ယူပို့ဆောင်ရေးအားသာချက်များ

စစ်ရေးပြပွဲက မြင်ကွင်းတွေအရ မြောက်ကိုရီးယားအစိုးရအနေနဲ့ တိုက်ချင်းပစ်ဒုံး ကျည်နည်း ပညာပိုင်း မှာသာမက ဒုံးလွှတ်စင်နဲ့ သယ်ယူပို့ဆောင်ရေးပိုင်းမှာလည်း ပြည့်စုံ လုံလောက် တဲ့အားသာ ချက် တွေ ရှိနေနိုင်တယ်ဆိုတဲ့အချက်ကို တွေ့ရပါတယ်။ အထူးသဖြင့် အရွယ်အစားကြီးမားလွန်းတဲ့ ဒုံးကျည် ကို သယ်ဆောင်တဲ့ ဟိုက်ဒရောလစ်သုံး အထူးထရပ်ကားတွေကိုခြောက်စီးထက်မနည်း အသုံးပြုသွားခဲ့တာပါ။ ဒီထရပ်ကားတွေဟာ တရုတ်နိုင်ငံကနေ လျို့ဝှက်တင်သွင်းလာတဲ့ထရပ်ကားတွေလို့ယူဆရပြီး ဒုံးကျည် သယ်ဆောင်ဖို့သာမက ဒုံးလွှတ်စင်မှာ တပ်ဆင်ထူမတ်ဖို့လည်း အသုံးပြုနိုင်ပါသေးတယ်။ ဒီလို နည်း ပညာမြင့်ကားတွေ ပိုင်ဆိုင်ထားတာကိုကြည့်ရင် နည်းပညာမြင့်ဒုံးလွှတ်စင်တွေ ပိုင်ဆိုင်ထားဖို့လည်း သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။