နယ်စပ်တောင်တန်းဒေသများရှိ သာသနာပြုသံဃာတော်များအတွက် အကယ်ဒမီခန့်စည်သူကျပ်သိန်း ၂၀၀ လှူဒါန်း

နယ်စပ်တောင်တန်းဒေသများတွင် သာသနာပြုနေသော သံဃာတော်များအတွက် အကယ်ဒမီခန့်စည်သူက အလှူငွေကျပ်သိန်း ၂၀၀ လှူဒါန်းလိုက်ကြောင်းသိရသည်။

ဝေးလံခေါင်သီ၍ ဗုဒ္ဓဘာသာထွန်းကားမှု အားနည်းသောဒေသများနှင့် နယ်စပ်တောင်တန်းဒေသများတွင် သာသနာပြုနေကြသော ရဟန်း၊ သံဃာတော်အရှင်သူမြတ်များအား သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက်ရည်စူး၍ လှူဒါန်းခြင်းဖြစ်ကြောင်း အကယ်ဒမီ ခန့်စည်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အကယ်ဒမီခန့်စည်သူ ဦးဆောင်သည့် မေတ္တာသင်္ဂဟအဖွဲ့သည် COVID-19 ဖြစ်ပွားနေသည့်ကာလအတွင်း အခက်အခဲကြုံတွေ့နေရသူများနှင့်လိုအပ်သည့်နေရာများတွင် အခြေခံစားသောက်ကုန်များ လှူဒါန်းလျက်ရှိသည်။

သတင်း – အဉ္ဇလီသင်း /စံ‌တော်ချိန်
ဓာတ်ပုံ – Kyaw Soe Win FB