COVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၁၅၀) ဦးထပ်တိုး၍ (၄၂) ဦးထပ်မံသေဆုံး

ယနေ့အတွက် COVID-19 ရောဂါဓာတ်ခွဲနမူနာ (၁၂၃၀၇) ခုအားစစ်ဆေးရာ ဓာတ်ခွဲအတည်ပြုလူနာ (၁၁၅၀) ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကသတင်းထုတ်ပြန်လိုက်သည်။

ရောဂါပိုးတွေ့လူနာများမှ (၄၂) ဦးထပ်မံသေဆုံးပြီး သေဆုံးလူနာစုစုပေါင်း (၈၈၀) ဦး ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ယနေ့သေဆုံးသူ (၄၂) ဦးထဲတွင်ရောဂါအခံရှိသူ (၂၇) ပါဝင်ကြောင်း သိရသည်။

လက်ရှိအချိန်အထိမြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း (၃၆၀၂၅) ဦးရှိနေပြီး ရောဂါမှပြန်လည်သက်သာ၍ ဆေးရုံဆင်းခွင့်ရသူ (၁၇၀၇၆) ဦးရှိနေပြီဖြစ်သည်။

သတင်း-မိုးသိမ့်နိုင်/စံတော်ချိန်