ဖောင်ကြီး ကိုဗစ်ကုသရေးဆေးရုံတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် သရုပ်ဆောင် မောင်

သရုပ်ဆောင် နန္ဒာလှိုင်၏မောင်ဖြစ်သူ သရုပ်ဆောင် မောင်မှာ ဖောင်ကြီး COVID ကုသရေးဆေးရုံတွင် စေတနာ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

ဒေါက်တာစိန်ဖြိုးလှိုင်(ခ)သရုပ်ဆောင်မောင်မှာ အောက် တိုဘာ ၁၆ ရက်မှစတင်၍ဖောင်ကြီး COVID ကုသရေး ဆေးရုံ တွင် စေတနာ့ဝန်ထမ်းအဖြစ် တစ်လတိတိ တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းသင်ယူတတ်မြောက်ထားသည့် အတတ်ပညာများဖြင့် ယခုအချိန်တွင် ပါဝင်ခွင့်ရသည်ကို ဝမ်းသာမိကြောင်း သရုပ် ဆောင်မောင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

‘ကျွန်တော်သာ ဆရာဝန်တစ်ယောက်မဟုတ်ခဲ့ဘူး။ ငယ်ရွယ်ကျန်းမာတဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင် လုပ်ချင်ပါ တယ်ဆိုတာတောင် လုပ်လို့မရပါဘူး။ ကျွန်တော်လုပ်နိုင်တယ်၊ လုပ်သင့်တယ်၊ လုပ်ရမယ့် အလုပ်လို့ခံယူထားပါတယ်။ ကျွန် တော် အခုလိုသွားမှာကို စိတ်ပူပေမယ့် ကျွန်တော့်ဆန္ဒကို လိုက်လျောပြီး ခွင့်ပြုပေးတဲ့ ပါးပါးနဲ့မေကြီး၊ ပြီးတော့ ကျွန်တော့်အစ်မ ငါးယောက်နဲ့ ရီရီ့ကိုလည်း ကျေးဇူးတင်ပါတယ်’ဟု သရုပ်ဆောင် မောင်က ရေးသားထားသည်။

သတင်း – နှင်းစုမွန်