မူဆယ်တွင် ယာဉ်ကြမ်းခင်းအောက်နှင့် ထိုင်ခုံများအောက်၌အံဝှက်လုပ်သယ်လာသည့် ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ယာဉ်ကြမ်းခင်းနှင့် ထိုင်ခုံများအောက်၌ အံဝှက်ပြုလုပ် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက် နံနက်အစောပိုင်းက မူဆယ်ခရိုင် (မှု/ကူ)ဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ ခရိုင် လုံခြုံရေးတပ်ခွဲ မှ တပ်ဖွဲ့ဝင်များ၊ မူဆယ်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ စရဖ (မူဆယ်)၊ အကောက် ခွန်ဌာန၊ ရပ်မိရပ်ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် အိုရီ ယမ်တယ်လ်တိုးဂိတ်တွင် စောင့်ဆိုင်းနေကြစဉ် လားရှိုး မြို့ဘက်မှ မူဆယ်မြို့သို့ မောင်းနှင်ဝင်ရောက်လာသော ယာဉ်မောင်း အောင်လှိုင်မြင့် (၄၂)နှစ် ၇၉ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား ရွှေခြည်ထိုးရပ်ကွက် မန္တလေးမြို့နေသူ မောင်းနှင်ပြီး ချစ်ကိုဝင်း (၁၈)နှစ် ၆၅ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့နေသူလိုက်ပါလာသည့် ယာဉ်အမှတ် YGN-7N/—-HILUX VIGO အမျိုးအစားယာဉ်နှင့် ယာဉ်မောင်း ရဲမြင့်ထွန်း(၃၄)နှစ် ကားဘော်ဒီလုပ်ငန်း ဆင်ရွာမြင်းမှူးကျေးရွာ မြစ်ငယ်မြို့နယ်နေသူ မောင်းနှင်ပြီး ခွန်ဇော်မင်းလှိုင် (၃၄)နှစ် ပန်းရန်လုပ် ပြည်လုံးကျော်ရွာ စက်မှု (၁) ပြည်ကြီး တံခွန်မြို့နယ် မန္တလေးတိုင်းဒေသကြီးနေသူလိုက်ပါလာသည့် မော်တော်ယာဉ်အမှတ် YGN 2P/—- HILUX REVO အမျိုးအစား ယာဉ်တို့အား မသင်္ကာသဖြင့် မူဆယ် မြို့မရဲစခန်းသို့ ခေါ်ဆောင်ရှာဖွေစစ်ဆေးခဲ့သည်။ ယင်းမော်တော်ယာဉ်နှစ်စီး၏ ယာဉ်ကြမ်း ခင်းနှင့် ထိုင်ခုံအောက်များတွင် အံဝှက်ပြုလုပ်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ(စုစုပေါင်း ရာဖြတ်ခန့်မှန်းတန်ဖိုးကျပ် ၅၂၇၂၀၀၀၀ ခန့်)ကို သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့အား စစ်ဆေးရာ မန္တလေးမှတစ်ဆင့် ကျောက်ဆည်-ရွာငံ-အောင်ပန်း-တောင်ကြီး-လွိုင်လင်-ပင်လုံ-လဲချား -မန်းကိုင်-နန့်လန်- သီပေါ-မူဆယ်သို့ ပို့ဆောင်ရာ လမ်းကြောင်းတို့မှတစ်ဆင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား မြန်မာနိုင်ငံ ကျောက်မျက်ဥပဒေပုဒ်မ-၅၁ အရ အရေးယူထားပြီး သက်သေခံပစ္စည်းများ ကို ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း – နိုင်ဝင်းစိုး