ကိုရိုနာဗိုင်းရပ်စ်ရဲ့ အသက်ရှင်နိုင်စွမ်း တုပ်ကွေးဗိုင်းရပ်စ်ထက် ၄ ဆကျော်ပိုကြာ

COVID-19 ရောဂါကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ် အရေပြားပေါ်မှာ ၉ နာရီကြာနီးပါးအထိ အသက်ရှင်နိုင်ပြီး တုပ်ကွေးဗိုင်းရပ်စ်နဲ့ယှဉ်ရင် ၄ ဆကျော်ပိုကြာတယ်လို့ The Straits Times သတင်းစာမှာ ဖော်ပြထားပါတယ်။

ဂျပန်သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ တုပ်ကွေးဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်အရေပြားမှာ ၁.၈ နာရီလောက်ပဲ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။

သုတေသနပညာရှင်တွေဟာ COVID-19 ကြောင့် သေဆုံးတဲ့လူနာတွေရဲ့အရေပြားတွေကို စုစည်းလေ့လာပြီး နောက်ဆုံးတွေ့ရှိချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ဟာ လူ့အရေပြားပေါ်မှာ အချိန်အတော်ကြာအသက်ရှင်နိုင်တာကြောင့်လည်း ကူးစက်နှုန်းမြန်ပြီး ကပ်ရောဂါတစ်ခုဖြစ်လာရတယ်လို့ ယင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုးကား – The Straits Times
သတင်း – မောင်ဇေယျ