မိုးကြီးရေလျှံပြီး စစ်တန်းလျားတစ်ခုမြေပြိုမှုကြောင့် စစ်သား ၂၂ ဦး ပျောက်ဆုံးနေ

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ ဒီကနေ့ အောက်တိုဘာ ၁၈ ရက် နံနက်အစောပိုင်းက မိုးကြီးရေလျှံပြီး မြေပြိုမှုဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံးစစ်သား ၂၂ ဦးပျောက်ဆုံးနေတယ်လို့ အယ်လ်ဂျာဇီးယားသတင်းမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်နဲ့အတူ ကမ္ဘောဒီးယားနိုင်ငံတို့မှာ အောက်တိုဘာလဆန်းကတည်းက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာကြောင့် ပျက်ဆီးဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

အခုနောက်ဆုံး ဗီယက်နမ်အလယ်ပိုင်းဒေသ ကွမ်ချီပြည်နယ်ရှိ စစ်ဒေသအမှတ် (၄ က) စစ်တန်းလျားအပေါ် မြေပြိုကျတာကြောင့် စစ်သား ၂၂ ဦးအထိ ပျောက်ဆုံးနေပါတယ်။

စနေနေ့ကလည်း တခြားပြည်နယ်မှာ မြေပြိုမှုကြောင့် အနည်းဆုံး ၁၃ ဦးသေဆုံးပြီး အများစုက စစ်သားတွေပဲဖြစ်ကြောင်း သိရပါတယ်။

ကိုးကား – aljazeera.com
သတင်း – မောင်ဇေယျ