မန်ယူမှာ ပြဿနာတွေတက်နေတဲ့ပုံနဲ့ ပြောနေကြတွေကို မက်ဂွိုင်းယား ပြန်လည်တုံ့ပြန်

မန်ချက်စတာယူနိုက်တက်အသင်းမှာ ပြဿနာကြီးကြီးမားမား ရှိနေတဲ့ပုံစံမျိုးနဲ့ ပြောဆိုနေကြတောတွေကို အသင်းခေါင်းဆောင် မက်ဂွိုင်းယားက စနေနေ့၊ နယူးကာဆယ်နဲ့ပွဲအပြီးမှာ ပြန်လည်တုံ့ပြန်သွားပါတယ်။

မက်ဂွိုင်းယားဟာ နယူးကာဆယ်ကို ၄ ဂိုး၊ ၁ ဂိုးနဲ့ မန်ချက်စတာယူနိုက်တက် အနိုင်ရခဲ့တဲ့ပွဲမှာ အရေးပါတဲ့ ချေပဂိုးကို သွင်းပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ သူက “ကျွန်တော်တို့ဟာ ရာသီအစ ပွဲနည်းနည်းပဲကစားရပါသေးတယ်။ ဒါပေမယ့် အသင်းမှာ ပြဿနာကြီးကြီးမားမားရှိနေတဲ့ပုံစံမျိုး ပြောဆိုနေကြတာကတော့ ရူးကြောင်ကြောင် နိုင်လွန်းပါတယ်” လို့ ပြောခဲ့ကြောင်း The Sun သတင်းစာမှာ ဖော်ပြထားပါတယ်။

ကိုးကား – The Sun
သတင်း – မောင်ဇေယျ