ဘောလိဝုဒ်မှာ ရုန်းကန်ရတာတွေကို မင်းသမီး နူရူဇီ ဖွင့်ဟ

အီရန်နွယ်ဖွား ဘောလိဝုဒ်သရုပ်ဆောင်မင်းသမီး နူရူဇီက အိန္ဒိယရုပ်ရှင်အသိုင်းအဝိုင်းမှာ တစ်နေရာရဖို့ မလွယ်ကူးကြောင်း စပွတ်နစ်ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးမှာ ရင်ဖွင့်ပြောဆိုလိုက်ပါတယ်။

နူရူဇီဟာ ဂျာမနီနိုင်ငံမှာ ရုပ်ရှင်ပညာသွားရောက်သင်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်က “Scared Games” ဇာတ်လမ်းတွဲမှာ စတင် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

နူရူဇီက “ကျွန်မရဲ့သရုပ်ဆောင်ဘဝက နိမ့်မြင့်တက်ကျတွေများလွန်းပါတယ်။ စည်းဝိုင်းအပြင်က လူတစ်ဦးလိုဖြစ်နေလို့ အလုပ်ရဖို့ခက်ခဲတဲ့အချိန်တွေရှိပါတယ်။ ရုပ်ရှင်ဇာတ်ကား နှစ်ကား၊ သုံးကားလောက်လာအပ်ပြီးမှ ပျက်သွားတာတွေလည်းရှိပါတယ်။ အိမ်ငှားခပေးဖို့တောင်ခက်ခဲလို့ အိန္ဒိယနိုင်ငံကနေ ထွက်သွားဖို့ထိစဉ်းစားခဲ့ဖူးပါတယ်”လို့ စပွတ်နစ်ဝက်ဘ်ဆိုက်ကို ပြောသွားပါတယ်။

ကိုးကား – Sputniknews.com
သတင်း – မောင်ဇေယျ