ပြည်သူ့ရှေ့ဆောင်ပါတီမှ ကားအစီးရေ ၂၀ ခန့်ဖြင့် မဲဆွယ်စည်းရုံးရေးပြုလုပ်

ဒီကနေ့ (အောက်တိုဘာ ၁၈ ရက်) မှာ ပြည်သူ့ရှေ့ဆောင်ပါတီက ကားအစီးရေ ၂၀ ခန့်နဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့တာကို မြင်တွေ့ရပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းမှာကိုယ်စားလှယ်လောင်း ၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – ကောင်းဇော်ဟိန်း/MPA