သရုပ်ဆောင် ခါရာနှင့်ဆက်သွယ်မေးမြန်းခြင်း

” အခုလိုပွဲကြီးမှာနိုင်ငံတကာကနေNationalWinnerအဖြစ်အသိအမှတ်ပြုခြင်းခံရတော့ အတိုင်းမသိဝမ်းသာပါတယ်။ “

သရုပ်ဆောင်ခါရာဟာ Asia Academy Creative Awardsပွဲမှာ လောကကြိုးဝိုင်းဇာတ်လမ်းတွဲ ( အတွဲ ၂ )နဲ့ Best Actor In A Leading Role (အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု) နဲ့ National Winnerအဖြစ်ဆုရရှိခဲ့ပါတယ်။

Asian Academy Creative Awardsဆုပေးပွဲ ဟာအာရှ၊ ပစိဖိတ် ဒေသများရှိတစ်နှစ်အတွင်းထုတ်လုပ်တဲ့ရုပ်ရှင်ဇာတ်ကားတွေကိုရွေးချယ်ပြီး ဆုချီးမြှင့်ပေးတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။

ဒီပွဲ‌တော်မှာ National Winnerအဖြစ် ရွေးချယ်ခံရတာနဲ့ပတ်သက်ပြီး သရုပ်ဆောင် ခါရာကိုစံတော်ချိန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်း – အဉ္ဇလီသင်း /စံတော်ချိန်