အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား အမေရိကန်အစိုးရ ကြားဝင်စေ့စပ်ပေးဖွယ်ရှိ

ပြီးခဲ့တဲ့လဖြစ်တဲ့ စက်တင်ဘာ ၂၇ ရက်ကတည်းက တိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်က ကြားဝင်စေ့စပ်ပေးဖို့ ပြင်ဆင်နေကြောင်း ရိုက်တာသတင်းက ဆိုပါတယ်။

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ လာမယ့်သောကြာနေ့ကျရင် ဝါရှင်တန်မြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုနဲ့တွေ့ဆုံမယ်လို့ သတင်းထွက်နေပါတယ်။ သို့သော်လည်း ဒီသတင်းနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနဘက်ကတော့ အတည်ပြုမပေးသေးပါဘူး။

ကာလအတော်ကြာကတည်းက အငြင်းပွားစရာဖြစ်ခဲ့တဲ့ နဂေါနိုး-ကာရာဘက်ခ်ျဒေသအရေးနဲ့ပတ်သက်လို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား မော်စကိုအစိုးရက ကြားဝင်စေ့စပ်ပေးခဲ့ပေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဟာ ရက် အနည်းငယ်အတွင်းမှာပဲ ပျက်ပြယ်သွားပါတယ်။

ယမန်နေ့က ထုတ်ပြန်ချက်တွေအရ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ တိုက်ပွဲမှာ နှစ်ဖက်သေဆံးသူ ၄၃ ဦး ထပ်တိုးလာတယ်လို့ သိရပါတယ်။

ကိုးကား – Reuters
သတင်း – မောင်ဇေယျ