အမေရိကန်ရွေးကောက်ပွဲကို စွက်ဖက်နှောင့်ယှက်ဖို့ အီရန်နဲ့ ရုရှားတို့ကြိုးစားနေဟုဆို

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ဖို့ အီရန်နဲ့ ရုရှားနိုင်ငံတို့က ကြိုးပမ်းနေကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိဖြစ်သူ ဂျွန်ရက်ကလစ်ဖ်က ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲမှာ ဆူပူအုံကြွမှုတွေဖြစ်ပေါ်အောင် ခြိမ်း‌ခြောက်လှုံ့ဆော်တဲ့ အီးမေးလ်တွေရှိနေပြီး လက်ရှိ သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံတဲ့ ဒီမိုကရက်တစ်ဘက်တော်သားတွေထံ ဦးစားပေးပို့ဆောင်နေတယ်လို့ ဂျွန်ရက်ကလစ်ဖ်က ဆိုပါတယ်။ ဒီအီးမေးလ်တွေရဲ့အရင်းခံဟာ အီရန်နိုင်ငံဖြစ်ကြောင်းလည်း မစ္စတာရက်ကလစ်ဖ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ့် ပြည်သူတွေရဲ့ သတင်းအချက်အလက်တွေကိုလည်း ရုရှားအစိုးရဘက်က လျို့ဝှက်ရရှိထားကြောင်း FBI ထောက်လှမ်းရေးအဖွဲ့ ဒါရိုက်တာဖြစ်သူ ခရစ်ရေးက ပြောကြားထားပါသေးတယ်။

ကိုးကား – Reuters
သတင်း – ကိုဆွဲ(မုံရွာ)