စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်သန်းကျော်လာ

စပိန်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တစ်သန်းကျော်လွန်လာခဲ့ပြီး ဒါဟာ ဥရောပ အနောက်ပိုင်းနိုင်ငံတွေထဲမှာ စံချိန်တင်အရေအတွက်ဖြစ်လာပါတယ်။

စပိန်နိုင်ငံမှာ ဇန်နဝါရီ ၃၁ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိခဲ့ပြီး ဒီကနေ့မှာတော့ တစ်သန်းကျော်ထိရောက်လာခဲ့ပြီဖြစ်ပါတယ်။

ယမန်နေ့က ထုတ်ပြန်ခဲ့တဲ့ စပိန်အာဏာပိုင်တွေရဲ့ကြေညာချက်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၉၇၃ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၅၆ ဦးရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း စပိန်နိုင်ငံဟာ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှားနဲ့ အာဂျင်တီးနားတို့ပြီးရင် ကမ္ဘာပေါ်မှာ COVID-19 လူနာတစ်သန်းပြည့်‌မြောက်သွားတဲ့ ဆဋ္ဌမမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

ကိုးကား – BBC
သတင်း – ကိုဆွဲ(မုံရွာ)