ရမ်ဒီဆီဗီယာကို COVID-19 ရောဂါကုသဆေးအဖြစ် အမေရိကန်အတည်ပြု

COVID-19 ရောဂါကုသရာမှာ ထိရောက်မှုသိပ်မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်ကြေညာထားတဲ့ ရမ်ဒီဆီဗီယာဆေးကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးအဖွဲ့(FDA)က COVID-19 ရောဂါကုသဆေးအဖြစ် တရားဝင်အတည်ပြုလိုက်ပါတယ်။

အမေရိကန် FDA ရဲ့ ထုတ်ပြန်ချက်အရ ဆေးအမှတ်တံဆိပ် Veklury လို့ခေါ်တဲ့ ရမ်ဒီဆီဗီယာဆေးဟာ လူနာတစ်ဦးကို ပျမ်းမျှကုသချိန် ငါးရက်လောက်အထိ လျှော့ချနိုင်တယ်လို့ ဆိုထားပြီး အသက် ၁၂ နှစ်နဲ့အထက် ဒါမှမဟုတ် ကိုယ်အလေးချိန် အနည်းဆုံး ၈၈ ပေါင်ရှိတဲ့ COVID-19 အတည်ပြုလူနာတွေကို ဒီဆေးနဲ့ ကုသနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ရမ်ဒီဆီဗီယာဆေးကို COVID-19 အရေးပေါ်ကုသဆေးအဖြစ် မေလလောက်ကတည်းက စတင်အသုံးပြုခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့်ကအစ ဒီဆေးနဲ့ပဲ ရောဂါသက်သာသာပျောက်ကင်းခဲ့တာဖြစ်ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

ကိုးကား – BBC
သတင်း – မောင်ဇေယျ