နိုင်ဂျီးရီးယားဆန္ဒပြမှုမှာ သေဆုံးသူ ၆၉ ဦးရှိ

အခုတစ်ပတ်အစောပိုင်းက နိုင်ဂျီရီးယားနိုင်ငံ လာဂို့စ်မြို့မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာမှာ သေဆုံးသူ ၆၉ ဦးရှိခဲ့တယ်လို့ နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီက အတည်ပြုပြောဆိုလိုက်ပါတယ်။

အခုသေဆုံးသူတွေထဲမှာ အရပ်သား ၅၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ စစ်သား ခုနစ်ဦးပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ ၃၇ ဦးရှိခဲ့ပြီး ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နိုင်ဂျီရီးယားသမ္မတ ဘူဟာရီဟာ အရင်အစိုးရအရာရှိဟောင်းတွေ၊ လုံခြုံရေးအကြီးအကဲဟောင်းတွေနဲ့ တိုင်ပင်ဆွေးနွေးနေရကြောင်း အယ်လ်ဂျာ ဇီးယားသတင်းတစ်ရပ်က ဆိုပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ အထူးရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးဖို့အတွက် လူငယ်အများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ အောက်တိုဘာ ၇ ရက်ကတည်းက ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် အင်္ဂါနေ့က လုံခြုံရေးတပ်ဖွဲ့ရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကို ခံရပြီးနောက် မင်းမဲ့စရိုက်ဆန်ဆန် ပြုမူလာကြတာဖြစ်ပါတယ်။

ကိုးကား – Aljazeera
သတင်း – မောင်ဇေယျ