ဘေဂျင်းအစိုးရနဲ့ဆန့်ကျင်ဘက်အုပ်စုတွေကို စည်းရုံးဖို့ အမေရိကန်ပြင်ဆင်

ဘေဂျင်းအစိုးရနဲ့ဆန့်ကျင်ဘက်အုပ်စုတွေကို ပစ်မှတ်ထားစည်းရုံးနေတဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒကို လက်တွေ့အကောင်အထည်ဖော်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုဟာ လာမယ့်ရက် အနည်းငယ် အတွင်း အိန္ဒိယ အပါအဝင် အာရှနိုင်ငံတချို့ကို သွားရောက်မယ်လို့ ရိုက်တာသတင်းတစ်ရပ်က ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေဖြစ်ကြတဲ့ သီရီလင်္ကာနဲ့ မော်ဒိုက်ဗ်တို့ကိုလည်း ပွန်ပီယိုသွားမှာဖြစ်ပြီး သူ့ခရီးစဉ်နောက်ဆုံးပိတ်အဖြစ် အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် ရက်အနည်းငယ်အလိုမှာ အင်ဒိုနီးရှားနိုင်ငံကိုသွားမှာဖြစ်ပါတယ်။

မိုက်ခ်ပွန်ပီယိုဟာ အရင်လကလည်း တိုကျိုမြို့မှာ သြစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

မိုက်ခ်ပွန်ပီယိုရဲ့ ခရီးစဉ်မှာပါဝင်တဲ့ နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ဆိုးဆိုးရွားရွားခံနေရလို့ COVID-19 ရောဂါကာကွယ်ဆေးနဲ့ ကုသဆေးတို့အတွက် အလားအလာကို အလေးပေးဆွေးနွေးမယ်လို့ မျှော်လင့်ရကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

ကိုးကား – Reuters
သတင်း – မောင်ဇေယျ