COVID -19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၄၂၆)ဦးထပ်မံတိုး၊ သေဆုံးသူ (၂၇)ဦးရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာ ၂၆ ရက်) ၊ ည (၈) နာရီ ထုတ်ပြန်ချက်အရ COVID -19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၄၂‌၆) ဦးထပ်မံတိုး ခဲ့ပြီး သေဆုံးသူ (၂၇)ဦးရှိကြောင်းသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်)ည (၈)နာရီမှ ယနေ့ (အောက်တိုဘာ ၂၆ ရက်)ည (၈)နာရီ အတွင်းဓာတ်ခွဲနမူာ (၁၂၄၀၀)ခုအားစစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁၄၂၆)ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (‌၄၆၂၀၀)ဦးရှိပြီဖြစ်ပြီး သေဆုံးသူ စုစုပေါင်း(၁၁၂၂)ဦးရှိပြီဖြစ်သည်။

သတင်း-အဉ္ဇလီသင်း/စံတော်ချိန်