ပါကစ္စတန်ဘာသာရေးစာသင်ကျောင်းဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူရှစ် ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ၊ပက်ရှ်ဝါမြို့ရှိဘာသာရေးစာသင်ကျောင်းတစ်ကျောင်းကိုပစ်မှတ်ထားပြီး ဒေသစံတော်ချိန် ယနေ့ နံနက် ၈ နာရီခွဲခန့်က ဗုံး ခွဲ တိုက်မှုတစ်ရပ်ဖြစ်ခဲ့ရာ အနည်းဆုံး သေဆုံးသူရှစ် ဦးနှင့် ဒဏ်ရာ ရသူ ၁၁၀ ဦးရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဆေးရုံတာဝန်ခံများ၏ ပြောကြားချက်အရ သေဆုံးခဲ့သူများသည် အသက် ၂၀မှ ၃၀နှစ်အကြားအရွယ်ရှိသူများ ဖြစ်ကြပြီး ဒဏ်ရာရသူ များထဲတွင် အသက် ၁၃နှစ်အောက် ကလေးများလည်း ပါ ဝင် ကြောင်း သိရသည်။

ကျမ်းစာသင်ကြားနေသည့် စာသင်ကျောင်းကို တိုက်ခိုက် ခဲ့သည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးသလို မည် သည့် အဖွဲ့အစည်း၏ လက်ချက်ဆိုသည်ကိုလည်း စုံစမ်း နေဆဲဖြစ်သည်။

ဗုံးခွဲတိုက်ခိုက်ချိန်တွင် ကျမ်းစာကိုသင်ယူနားကြားနေသူ ၅၀၀ ဦးခန့်ရှိသည်။

ပက်ရှ်ဝါမြို့သည် အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်ချင်းထိစပ်နေပြီး မကြာသေးမီနှစ်များအတွင်း တာလီဘန်အကြမ်းဖက်သမားများ၏ အဆိုးရွားဆုံး အကြမ်းဖက်မှုများနှင့် ရင်ဆိုင် ခဲ့ရ သည့် မြို့ တစ် မြို့ဖြစ်သည်။

သတင်း-မောင်ဇေယျ
ကိုးကား-Guardian.co.uk
ဓာတ်ပုံ – EPA

စံတော်ချိန်သတင်းဌာနက တင်ဆက်လျက်ရှိသော သတင်း၊ သတင်းဆောင်းပါး၊ တွေ့ဆုံမေးမြန်းခန်းနှင့် ရုပ်သံအစီအစဉ်များအား ပူးတွဲဖော်ပြပါ Link (Viber) တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://tinyurl.com/y5vtkrh7