ကိုဗစ်ကြောင့် ကွယ်လွန်သည့် အစ္စလာမ်ဘာသာဝင်များကို မြေမြှုပ်သင်္ဂြိုဟ်

ရန်ကုန်တိုင်းဒေသကြီး ထိန်ပင်သုဿန်ရှိ မွတ်စလင်သင်္ချိုင်းတွင် COVID -19 ကြောင့် သေဆုံးသည့် အစ္စလာမ်ဘာသာဝင်များကို အသင့်ပြုလုပ်ထားသည့် သုံးပေ၊ ခုနစ်ပေ ကွန်ကရစ်ကျင်းထဲသို့ ပုခက်ပုံစံချကာ ဘာသာရေး ဓလေ့ထုံးစံနှင့်အညီ မြေမြှုပ်သင်္ဂြိုလ် ပေးကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် COVID -19 ကြောင့် သေဆုံးသည့် အစ္စလာမ်ဘာသာဝင်များကို မြှုပ်နှံပေးနေသည့်အပြင် တခြားဘာသာဝင် များကိုလည်း သင်္ဂြိုဟ်ရန်အတွက်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ သင်္ချိုင်းတွင် အောက်တိုဘာလ ၂၇ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ကွယ်လွန်သူ ၁၅၃ ဦးကိုမြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သည်။

Photo – Ye Myo Khant / MPA