COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၄၆၆) ဦးထပ်တိုး၍ (၂၅) ဦးသေဆုံး

ယနေ့အတွက် COVID-19ရောဂါဓာတ်ခွဲနမူနာ (၁၅၇၉၈) ခုအားစစ်ဆေးရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၄၆၆) ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ရောဂါပိုးတွေ့လူနာများထဲမှ (၂၅) ဦးထပ်မံသေဆုံးပြီး သေဆုံးသူလူနာစုစုပေါင်း (၁၁၄၇) ဦးရှိနေပြီဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။

ယနေ့သေဆုံးသူ (၂၅) ဦးထဲတွင်ရောဂါအခံရှိသူ (၂၃) ဦးပါဝင်ကြောင်းသိရသည်။

လက်ရှိအချိန်အထိမြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၄၇၆၆၆) ဦး ရှိနေပြီး ရောဂါမှပြန်လည်သက်သာ၍ ဆေးရုံဆင်းခွင့်ရသူ (၂၇၂၇၃) ဦး ရှိနေပြီဖြစ်သည်။

သတင်း-မိုးသိမ့်နိုင်/စံတော်ချိန်