COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၄၀၆) ဦး ထပ်တိုး၊(၂၅) ဦး ထပ်မံသေဆုံး

ယမန်နေ့(အောက်တိုဘာ ၂၇ ရက်) ည ၈ နာရီမှ ယနေ့ (အောက်တိုဘာ ၂၈ ရက်) ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄၂၀၆) ခုအား စစ်ဆေးရာ ဓာတ်ခွဲအတည်ပြု လူနာသစ်(၁၄၀၆)ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ထပ်မံသေဆုံးသူ (၂၅) ဦးအနက် ရောဂါအခံရှိသူ (၂၂) ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ဆေးရုံ ဆင်းခွင့်ရသူ (၁၂၆၃) ဦးရှိပြီး စုစုပေါင်း ( ၂၈၆၃၆)ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယနေ့၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၄၉၀၇၂) ဦးရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၁၇၂) ဦး ရှိပြီဖြစ်သည်။

သတင်း – သီတာလွင်/စံတော်ချိန်