အရင်ကရွေးကောက်ပွဲမှာ မဲမပေးခဲ့ဘူးလို့ ရှက်စရာတစ်ခုလို မမှတ်ယူကြောင်း ဆလီနာဂိုမက်စ်ဆို

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် ဆလီနာဂိုမက်စ်ဟာ အသက် ၂၈ နှစ်အရွယ်ရောက်မှ အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် မဲပေးရမှာဖြစ်ပေမယ့် ရှက်စရာတစ်ခုလို မမှတ်ယူကြောင်း ပြောလိုက်ပါတယ်။

အရင်က ရွေးကောက်ပွဲမှာ တစ်ကြိမ်မှ မပေးခဲ့ဖူးတဲ့ ဆလီနာဂိုမက်စ်ဟာ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် ဆန္ဒမဲပေးခဲ့ပါတယ်။

“အရင်က မဲမပေးခဲ့ဖူးလို့ ရှက်တာမျိုး တစ်ခါမှ မခံစားရပါဘူး။ ဝန်ခံပြောပြချင်တာတစ်ခုကတော့ အခု ပထမဆုံးကြိမ် မဲပေးသွားပါမယ်”လို့ ဆလီနာဂိုမက်စ်က Livestream အခမ်းအနားတစ်ခုမှာ ပြောပါတယ်။

ဆလီနာဂိုမက်စ်ဟာ အရင်တစ်ပတ်က အင်စတာဂရမ်မှာ ရွေးကောက်ပွဲအတွက် မဲပေးနေတဲ့ဓာတ်ပုံကို တင်ခဲ့သေးကြောင်း music-news ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ကိုးကား – Music-news.com
သတင်း – မောင်ဇေယျ