ကမ္ဘာတလွှားက ထူးဆန်းတဲ့ အစားအသောက်များ

လူတွေမှာအကြိုက်တစ်မျိုးကိုယ်စီရှိကြသလိုအစားအသောက်တွေကလည်းဒေသတစ်ခုနဲ့တစ်ခုမတူညီတဲ့ထူးခြားချက်တွေရှိနေမှာပါ၊ပြီးခဲ့တဲ့အပတ်တုန်းက စံတော်ချိန်ရဲ့ သုတရေးရာကဏ္ဍကနေ ကမ္ဘာ့အစားအစာနေ့ (World Food Day) အထိမ်းအမှတ်အနေနဲ့ ကမ္ဘာတလွှားက နာမည်ကျော်အစားအစာတွေ အကြောင်းကို တင် ဆက်ပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ပရိသတ်တွေ စိတ်ဝင်စားစေမယ့် ကမ္ဘာတလွှားက ထူးဆန်းတဲ့ အစားအသောက်တွေ အကြောင်းကို တင်ဆက်ပေးပါမယ်။ အဲ့ဒီထဲမှာ ဘယ်လိုထူးဆန်းပြီး စိတ်ဝင်စားစရာ ကောင်းတဲ့အစားအသောက်တွေပါဝင်နေမလဲ။အဲဒီထဲမှာစားဖို့အနေသာကိုင်ကြည့်ဖို့တောင်လက်တွန့်သွားမယ့်အစားအသောက်တွေလည်းပါဝင်နေပါတယ်။အဲဒါကဘယ်လိုအစားအသောက်မျိုးတွေလည်းဒီရုပ်သံမှာကြည့်လိုက်ရအောင်ပါ။

ငှက်သိုက်စွပ်ပြုတ် (Birds Nest Soup, China)

ငှက်သိုက်ကိုအခြားစားစရာပုံစံမျိုးပြုပြင်စားသုံးလို့မရနိုင်ဘူးလို့ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် တရုတ်လူမျိုးတချို့ကတော့ဆွစ်ဖ်(Swift)ဆိုတဲ့ပျံလွှားငှက်အနွယ်ဝင်ငှက်တစ်မျိုးရဲ့အသိုက်တွေကို စွပ်ပြုပ် လုပ်ပြီး စားသုံးကြပါတယ်။ ဒီနေရာမှာ က ငှက်သိုက်ဆိုတာ သစ်ကိုင်းသစ်ခက်တွေ၊ သစ်ရွက်တွေနဲ့ပဲ ပြုလုပ် တည်ဆောက် ထားတာပါလို့ တွေးထင်နေရင်တော့ အဲ့အတွေးတွေကို မေ့လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ စွပ်ပြုတ်ထဲမှာ ပါဝင်တဲ့ Swift ငှက်တွေရဲ့ အသိုက်က အဆိုပါငှက်တွေရဲ့ ကျောက်ကျောတုံးလို ပစ်ခဲပြီး ရာ ဘာသားလို ပျော့ပျောင်းတဲ့ တံတွေးတွေနဲ့ ပြုလုပ်ထားတာမို့လို့ပါပဲ။ အဲ့လိုတံတွေးနဲ့ပြုလုပ်ထားတဲ့ ငှက်သိုက် စွပ်ပြုပ်ကို တစ်နည်းအားဖြင့် Caviar of the East လို့လည်းခေါ်ပါတယ်။ ဒီစွပ်ပြုပ်တစ်ပွဲရဲ့ဈေးနှုန်းဟာ ဒေါ်လာ ၃၀ နဲ့ ဒေါ်လာ ၁၀၀ ကြားမှာရှိပြီး အဲ့စွပ်ပြုတ်ထဲမှာပါဝင်တဲ့ ငှက်သိုက်ကတော့ တစ်ကီလို ကို ဒေါ်လာ ၂ဝဝဝနဲ့ ဒေါ်လာ၁၀၀၀၀ကြားမှာရှိပါတယ်။ဘာလို့အဲ့လောက်တောင်ဈေးကြီးရတာလဲဆိုတော့ပင်လယ်ကမ်းရိုးတန်းတွေအနီးကလှိုင်ဂူတွေထဲမှာပဲရှိတဲ့Swiftငှက်တွေရဲ့ငှက်သိုက်ကိုတစ်နှစ်လုံးမှာမှ၃ကြိမ်ပဲရှာတွေ့နိုင်တာကြောင့်ပဲဖြစ်ပါတယ်။

တရန်တူလာ ပင့်ကူကြော် (Fried tarantulas, Cambodia)

အရက်ဂ်နိုဖိုးဘီးယား (arachnophobia) လို့ခေါ်တဲ့ ပင့်ကူကြောက်တတ်တဲ့ စိတ်မျိုး ရှိမယ်ဆိုရင်တော့ ဒီ တရန် တူလာ ပင့်ကူကြော်ကို စားဖို့ မစိတ်ကူးလိုက်ပါနဲ့။ ပြီးတော့ ဒီပင့်ကူတွေဟာ တွေ့ဖူးနေကျ ပင့်ကူ သေး သေး လေးတွေလည်း မဟုတ်ပါဘူး။ လက်တစ်ဖဝါးစာနီးပါး အရွယ်အစားရှိပြီး အမွှေးလည်းထူတဲ့ ဒီ tarantula ပင့်ကူတွေကို ကမ္ဘောဒီးယားနိုင်ငံက စကူဝန် (Skuon) ဆိုတဲ့ မြို့လေးရဲ့ ဈေးတွေမှာရှိတဲ့ ဈေးသည် တွေ၊ လမ်းဘေးဈေးသည် တွေမှာ ဝယ်ယူနိုင်ပါတယ်။ ဒီပင့်ကူကြော်ဟာ ကမ္ဘောဒီးယားကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသည်တွေ အကြိုက်တွေ့ကြတဲ့ စားစရာတစ်မျိုးလည်းဖြစ်ပါတယ်။ တကယ်လို့ အရက်ဂ်နိုဖိုးဘီး ယား မရှိဘူးဆိုရင်စကူဝန်မြို့ကိုရောက်တဲ့အခါ ကမ္ဘောဒီးယားရဲ့ နာမည်ကြီး tarantula ပင့်ကူကြော်ကို စားဖြစ် အောင်စားဖို့ အကြံပေးပါရစေ။ ဒီပင့်ကူကြော်ဟာ အပြင်ပိုင်းက ကြွပ်ကြွပ် လေးဖြစ် နေပေမယ့် အတွင်းပိုင်းမှာ တော့ တော်တော်ကိုစေးကပ်ပြီး စားလိုက်ရင် ကြက်သားလိုအရသာရှိတာကြောင့်အကြိုက်တွေ့စေမှာပါ။

ဘလွပ် (Fertilized Eggs, The Philippines)

ဒီဖိလစ်ပိုင်စားစရာကိုတော့ ဘလွပ်လို့ ခေါ်ပါတယ်။ ဘလွပ်ဆိုတာ အကောင်ပေါက်ခါနီးဥ ဒါမှမဟုတ် အကောင် ပေါက်တာ မအောင်မြင်တဲ့ ဥတွေကို ပြုတ်ထားတဲ့ စားစရာတစ်မျိုးဖြစ်ပြီး ဥနဲ့ သန္ဓေသား စပ်ကြားကာလ၊ ဥတစ် ပိုင်း သန္ဓေသား တစ်ပိုင်း အနေအထားဖြစ်တာကြောင့် စားလိုက်ရင် ဥနဲ့ အသား တစ်ပြိုင်တည်းစားရတဲ့ အရသာ မျိုး ကို ရရှိစေမှာပါ။ ဘလွပ်ကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့သေချာချက်ပြုတ်ပြီး ဟင်းပွဲတစ်ပွဲလို စားသုံး လို့ရ သလို ဥချည်းသပ်သပ်ကိုပဲ ပြုတ်ပြီး ဖောက်စားလို့လည်း ရပါတယ်။ ဘလွပ်ဥပြုတ်ကို စားမယ်ဆိုရင် အရင်ဆုံးဥ ထိပ် ပိုင်းလေးကို ဖောက်လိုက်ပါ။ ပြီးရင်တော့ ကြက်ဥကာကျက် စားသလို အကာအရည်ကို အရင်မော့ သောက်ပြီးအတွင်း ထဲက သန္ဓေသားအနှစ်လေးကို မြိန်ရည်ယှက်ရည် စားသုံးနိုင်ပါပြီ။

လောက်ဒိန်ခဲ (Maggot Cheese, Sardinia)

အီတလီနိုင်ငံ၊ ဆာဒီးနီးယား (Sardinia) ကျွန်းပေါ်က ကာဆူမာဇူ (Casu Marzu) လို့ခေါ်တဲ့ အီတလီဒိန်ခဲ တစ် မျိုး ဟာ နေ့စဉ်ဘဝမှာ စားသုံးနေတဲ့ နို့ထွက်ပစ္စည်းတွေကရတဲ့ ရိုးရိုးဒိန်ခဲတွေ မဟုတ်ပါဘူး။ သိုးတွေ ဆီက ထွက်တဲ့ နို့ကိုမှ လောက်အရှင်တွေထည့်ပြီး ပြုလုပ်ထားတဲ့ ဒိန်ခဲတွေပါ။ ဒီ ကာဆူမာဇူ ဒိန်ခဲတွေကို ဘယ် လိုပြု လုပ် ရလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကာဆူမာဇူမပြုလုပ်ခင် အရင်ဦးဆုံး သိုးနို့ နဲ့ပြု လုပ် ထားတဲ့ ဒီဒိန်ခဲတွေကို Cheese Flies လို့ခေါ်တဲ့ ယင်ကောင်တွေ နားအောင် အကာအကွယ်မပါပဲ ဟောင်းလောင်း ထားပေးရပါတယ်။ ဒီယင်ကောင်တွေကနေတစ်ဆင့် ဒိန်ခဲပေါ်ကို ဥဥချလိုက်ပြီး ရက်ပေါင်း ၄၀ လောက် အကြာ မှာတော့ ယင်ကောင်ဥတွေကနေတစ်ဆင့် လောက်ပုံစံ ပိုးလောင်းလေးတွေ ပေါက်လာပါတော့တယ်။ ဒိန်ခဲထဲမှာ ပျော်ဝင်နေတဲ့ ပိုးလောင်းတွေဟာ တစ်နည်းအားဖြင့် ဒိန်ခဲကိုစားသုံးပြီးသားဖြစ်သွားပြီး ဒိန်ခဲဟာလည်း အဲဒီ အချိန် မှာ ပုံစံဖရိုဖရဲဖြစ်နေမှာပါ။ အဲ့ဒီဒိန်ခဲကိုမှ ဆား၊ ခရင်မ် စတာတွေနဲ့ စနစ်တကျ ပုံစံပြန် သွင်းလိုက် တဲ့အခါ မှာတော့ ကာဆူမာဇူလို့ခေါ်တဲ့ လောက်ဒိန်ခဲကို ရရှိနိုင်ပါပြီ။ ကာဆူမာဇူဒိန်ခဲတွေဟာ ကျန်းမာရေးနဲ့ မကိုက်ညီ ဘူးဆိုပြီး နိုင်ငံတော်တော်များများက မစားသုံးဖို့ တားမြစ်ထားပေမယ့် ဆာဒီးနီးယားကျွန်းအပါအဝင် အီတလီ နိုင်ငံ က နေရာတော်တော်များများရဲ့မှောင်ခိုဈေးတွေမှာ လက်ရှိအချိန်ထိရောင်းချနေဆဲဖြစ်ပါတယ်။

ကြောင်ကတိုး မစင် ကော်ဖီ (Kopi Luwak, Indonesia)

စံတော်ချိန် ပရိသတ်တွေထဲမှာ ကော်ဖီကြိုက်တဲ့သူပါသလို ကော်ဖီမကြိုက်တဲ့သူလည်း ပါကောင်းပါနိုင်ပါတယ်။ တကယ်လို့များ အင်ဒိုနီးရှားမိတ်ဆွေတစ်ဦးက ပရိတ်သတ်ကြီးကို ကိုပီးလူးဝက် (Kopi Luwak) ကော်ဖီတစ်ခွက လောက် တိုက်ချင်ပါတယ်ဆိုပြီး သူ့အိမ်ကိုလာရောက်ဖို့ ဖိတ်ခေါ်မယ်ဆိုရင် အိမ်အလည်သွားဖို့အတွက် ပြန်စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီချစ်သူတွေကတော့ နှစ်ခါပြန်ပြီး စဉ်းစားစရာ လိုမယ် မထင် ပါ ဘူး။ ဘာလို့လဲဆိုတော့ ကိုပီးလူးဝက် လို့ခေါ်တဲ့ ဒီ ကြောင်ကတိုး မစင် ကော်ဖီဟာ ကမ္ဘာပေါ်မှာ အရှားပါး ဆုံး ကော်ဖီဖြစ်ပြီး ဈေးနှုန်းကလည်း ကော်ဖီတစ်ခွက်တည်းကိုမှ ၃၅ဒေါ်လာကနေ ဒေါ်လာ၁ဝဝအထိ ရှိတာကြောင့် ဈေးကြီးတယ်လို့လည်း ပြောလို့ရပါတယ်။ ဒီနေရာမှာ“ကြောင်ကတိုးမစင်ကနေဘယ်လိုလုပ်ရှားပါးပြီးဈေးကြီးတဲ့ ကော်ဖီ ဖြစ်လာတာလဲ” ၊“မစင်ကနေကော်ဖီလုပ်လို့ရလို့လားစတဲ့မေးခွန်းတွေမေးကောင်းမေးနိုင်ပါတယ်။ အဲဒီ မေးခွန်းတွေကို ရှင်းပြရမယ်ဆိုရင် – လူးဝက် (Luwak) လို့ခေါ်တဲ့ အင်ဒိုနီးရှားကြောင်ကတိုးတွေဟာ ကော်ဖီ ချယ် ရီ သီး တစ်မျိုးတည်းကိုပဲ စားကြတဲ့ သတ္တဝါတွေပါ။ ဒါပေမယ့် အမှည့်လွန်နေတဲ့ ကော်ဖီချယ်ရီ သီးတွေကို စားမိတဲ့အခါမှာတော့ သူတို့ရဲ့အစာအိမ်က အမှည့်လွန်နေတဲ့ ကော်ဖီစေ့တွေကို မချေဖျက်နိုင်တာကြောင့် မစင်စွန့် တဲ့အခါ ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အရှားပါးဆုံး ကိုပီးလူးဝက် ကော်ဖီကို ပြုလုပ်မယ့် ကော်ဖီစေ့တွေထွက်လာတာပါ။

မြွေဝိုင် (Snake Wine, Vietnam)

ကော်ဖီချစ်သူတွေအတွက် ထူးဆန်းတဲ့ကော်ဖီတစ်မျိုးအကြောင်း ပြောပြပြီးပြီဆိုတော့ အခုနောက်ဆုံးအနေနဲ့ ဝိုင်ချစ်သူတွေအတွက် ထူးဆန်းတဲ့ ဝိုင်တစ်မျိုးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဘာဝိုင်လဲဆိုတော့ မြွေဝိုင် ပါ။ ကွဲပြားခြားနားတဲ့ ဝိုင်အမျိုးအစားတွေကို ကြိုက်နှစ်သက်သောက်သုံးချင်တဲ့ ဝိုင်ချစ်သူတွေအနေနဲ့ ဆန်ဝိုင် ထဲကို အဆိပ်ပြင်းတဲ့ မြွေစိမ်ထားတဲ့ ဝိုင်အမျိုးအစားသစ်ကိုလည်း ကြိုက်နှစ် သက်လောက်မယ် ထင်ပါတယ်။ ဝိုင်ထဲမှာ အဆိပ်ပြင်းတဲ့မြွေစိမ်ထားတယ်ဆိုပေမယ့် တကယ်တမ်းသောက်လိုက်မယ်ဆိုရင်တော့ အဆိပ်မမိ နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြွေကို လပေါင်းများစွာ ပုလင်းထဲအလုံပိတ်ပြီး စိမ်ထားတာဖြစ်လို့ မြွေဆိပ်တွေက ဝိုင်ထဲမှာပါတဲ့ အီသနောဓာတ်တွေကြောင့် အာနိသင်ပျက်ပြယ်သွားလို့ပါပဲ။ မြွေဝိုင်တွေကို မူလပထမက ဗီယက် နမ် နိုင်ငံ မှာပဲ ရရှိနိုင်ပေမယ့် မြွေတွေဟာ ကျန်းမာရေးအတွက် ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆတွေကြောင့် လက်ရှိမှာတော့ တောင်တရုတ် နဲ့ အရှေ့တောင်အာရှနိုင်ငံတချို့အထိ ပျံ့နှံ့လာခဲ့ပါပြီ။ တချို့ဒေသတွေမှာတော့ မြွေစိမ်ထားတဲ့ဝိုင် အပြင် ကင်းမြီးကောက်၊ ကင်းခြေများ၊ သင်းခွေချပ်၊ လိပ်၊ ကြွက် စတဲ့ သတ္တဝါတွေစိမ်ထားတဲ့ ဝိုင်များလည်း ရရှိနိုင်ပါတယ်။