နောင်ချိုတွင် စိတ်ကြွဆေးပြားတစ်သိန်း ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို မြို့နယ် မူဆယ်-မန္တလေးသွား ကားလမ်း၌ မော်တော်ယာဉ်များ စစ်ဆေးရှာဖွေမှု ပြုလုပ်စဉ် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် သက်သေ များနှင့်အတူ နောင်ချိုမြို့နယ် အိုရီယမ်တယ် တိုးဂိတ်အနီး မူဆယ်-မန္တလေးသွား ကားလမ်းပေါ်၌ မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေမှုများ ပြုလုပ်စဉ် သီပေါမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မိုင်းရယ်မြို့နယ် ဖာဟင် ကျေးရွာနေ စိုင်းဘထွန်း(ခ)စိုင်းဘ (၂၇)နှစ် မောင်းနှင်ပြီး မိုင်းရယ်မြို့နယ် ကုန်းညုကျေးရွာ နေ စိုင်းလိန်(၂၁)နှစ်လိုက်ပါလာသည့် MITSUBISHIOUT-LANDER အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀၀ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀၀)၊ မြန်မာငွေကျပ် ငါးသိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသောစိုင်းဘထွန်း(ခ)စိုင်းဘနှင့် စိုင်းလိန်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း – နိုင်ဝင်းစိုး
ဓာတ်ပုံ – CCDAC

စံတော်ချိန်ဗိုက်ဗာ – https://tinyurl.com/y5vtkrh7

စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir