လက်ပြနှုတ်ဆက်သွားတဲ့အေးဂျင့်ကြီး 007 ရဲ့ဘဝကောက်ကြောင်း

အေးဂျင့် 007 ဂျိမ်းစ်ဘွန်းလို့ဆိုလိုက်တာနဲ့ မင်းသားကြီးရှောင်ကွန်နရီကိုပြေးမြင်မိကြမှာဖြစ်သလိုသူ ဟာဒီဇာတ်ကောင်ကို စတင်အသက်သွင်းခဲ့သူဆိုရင်လည်းမမှားပါဘူး။ကွယ်လွန်ချိန်မှာ အသက်၉၀ရှိပြီဖြစ်တဲ့ရှောင်ကွန်နရီဟာ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေနဲ့အောင်မြင်ခဲ့သလို ၁၉ရာစုရဲ့အကျော်ကြားဆုံးရုပ်ရှင်မင်းသားတစ်လက်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ အထူးသဖြင့် လူသတ်လိုင်စင်ရထားသလိုအခွင့်အရေးရှိတဲ့ 007ဂျိမ်းစ်ဘွန်းဇာတ်ရုပ်ဟာရှောင်ကွန်နရီနဲ့ အလိုက်ဖက်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီလိုရာစုတစ်ခုရဲ့ကြယ်တစ်ပွင့် ဘယ်လိုပေါ်ပေါက်လာခဲ့ပါသလဲ။

သောမတ်ရှောင်ကွန်နရီကို စကော့တလန်၊ အီဒင်ဘာ့ဂ်မြို့က အခြေခံလူတန်းစား အလုပ်သမားမိသားစု မွေးဖွား ခဲ့ပါတယ်။ သူဟာ ၁၃ နှစ်မှာ ကျောင်းထွက်ခဲ့ရပြီး ကျပန်းအလုပ်တွေလုပ်ခဲ့ရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဗြိတိန်တော်ဝင်ရေတပ်ကို ဝင်ရောက်ခဲ့ပေမယ့် ကျန်းမာရေးကြောင့် နုတ်ထွက်ခဲ့ရပါတယ်။ ရေတပ်က ထွက်ခဲ့ ရပြီးနောက် ကိုယ် ကာ ယကြံ့ ခိုင်မှုလိုက်စားခဲ့ပြီး တစ်ဖက်မှာလည်း အီဒင်ဘာ့ဂ် အနုပညာကောလိပ်မှာ မော် ဒယ်အဖြစ် အသက်မွေးခဲ့ပါတယ်။ ရှောင်ကွန်နရီရဲ့နောက်ထပ်ထူးချွန်မှုကတော့ ဘောလုံးအားကစားပါပဲ။ အဲဒီ အချိန်က နည်းပြဆာမတ်စ်ဘတ်စဘီ ကိုင်တွယ်နေ တဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ပတ် ၂၅ ပေါင်နဲ့ လူငယ်ဘောလုံးသမားလေး ရှောင် ကွန်နရီပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ဒါပေမယ့်သရုပ်ဆောင်ပိုး၊ အနုပညာပိုးက အနိုင်ရသွားတဲ့ ရှောင်ကွန်နရီဟာ ဘောလုံးကွင်းကိုစွန့်ခွာပြီး ပြ ဇာတ် ရုံနဲ့ ရုပ်ရှင်ရိုက်ကွင်းတွေမှာပဲ အနာဂတ်ကို မြှုပ်နှံခဲ့ပါတယ်။ ရုပ်ရှင်ပွဲဦး ထွက်အတွေ့အကြုံအနေနဲ့ ရှောင်ကွန်နရီ ဟာ ၁၉၅၄ ခုနှစ်က ထွက်တဲ့ နွေဦးကာလရဲ့ လီလက်စ်ပန်းများ (lilacs in the spring) ဇာတ်ကားမှာ ဖြတ်လျှောက် အဖြစ်ပါဝင် ခွင့်ရခဲ့ပါတယ်။ တချို့ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာလည်း မထင်မရှား ပါဝင်ခွင့်ရ လာခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့ blood money ဆိုတဲ့ ဇာတ်ကားမှာ အဓိကဇာတ်ရုပ်လက်ဝှေ့သမားအဖြစ် ဦးဆောင်ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဂျိမ်းစဘွန်းခေတ်ကိုဖွင့်လှစ်နိုင်မယ့်အခွင့်အရေးက ရှောင်ကွန်နရီ ထံရောက်ရှိလာခဲ့ပါတော့တယ်။

စာရေးဆရာအီယန်ဖလီးမင်း (Ian Fleming) ရဲ့ ဘွန်းဝတ္ထုတွေကို ရုပ် ရှင်ရိုက်ဖို့ သရုပ်ဆောင်ရှာဖွေရာမှာ ရှောင်ကွန်နရီကို ပရိုဂျူဆာတွေ တွေ့ရှိခဲ့တာပါပဲ။ အစပိုင်းမှာ ရှောင်ကွန်နရီ ကိုရွေးချယ်တာနဲ့ပတ်သက်ပြီး စာရေးဆရာဖလီးမင်းက သဘောမတူခဲ့ပါဘူး ။ “ကွန်မန်ဒါအေးဂျင့် ဂျိမ်းစဘွန်း ကိုရှာနေတာလေ.. လူကောင်ကြီးကြီး စတန့်သမားကို ရှာတာမဟုတ်ဘူး” လို့ ဖလီးမင်းက ဆိုပါတယ်။ ဒါပေမယ့် ရှောင်ကွန်နရီရဲ့ သရုပ်ဆောင်အရည်အချင်းနဲ့ ဆွဲဆောင်မှုရှိပုံကို မြင်တွေ့လိုက်တဲ့အချိန်မှာတော့ ဖလီးမင်းဟာ သူ့အမြင်မှား ယွင်းခဲ့ကြောင်း သဘောပေါက်သွားခဲ့ပါပြီ။ ပထမဆုံးဘွန်းဇာတ်ကားဖြစ်တဲ့ ဒေါက်တာNo မှာပဲ ရှောင်ကွန်နရီ အောင်မြင်ခဲ့ပြီး box office ရုံဝင်ငွေလည်း အမြောက်အများရခဲ့ပါတယ်။

ဒေါက်တာ No ဇာတ်ကားဘယ်လောက်အထိ နာမည်ကြီးခဲ့သလဲဆိုရင် အဲဒီအချိန်က အမေရိကန်သမ္မတကနေဒီ တောင်မှ အိမ်ဖြူတော်မှာ သီးသန့်ပိတ်ကားနဲ့ ကြည့်ရှုအားပေးတဲ့အထိပါပဲ ။ ၁၉၆၃၊ ၆၄ နဲ့ ၆၅ ခုနှစ်တွေမှာ Russia with love၊ Goldfinger နဲ့ Thunderball ဆိုတဲ့ ဘွန်းဇာတ်ကားတွေ ဆက်တိုက်ထွက်ရှိခဲ့ပြီး ရှောင် ကွန်နရီ လည်း လျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်က ရိုက်ကူးတဲ့ You only live twice ဇာတ်ကားမှာ ပါဝင်ပြီးနောက်မှာတော့ အောင်မြင်ပြီးသားဇာတ်ရုပ်ကို ဆက်လက်စီးမျောသရုပ်ဆောင်ရတဲ့အပေါ် ရှောင်ကွန်နရီငြီးငွေ့စိတ်ပျက်လာခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ နောက်ရိုက်မယ့် On her majesty’s service ဇာတ်ကားမှာ မပါဝင်တော့ဘဲ ဩစတေးလျသရုပ်ဆောင်ဂျော့လာဇန်ဘီကို အခွင့်အရေးပေးခဲ့ပါတယ်။

ဒါပေမယ့်သတ္တမမြောက်ဘွန်းဇာတ်ကားဖြစ်တဲ့Diamonds are forever အတွက်ပရိုဂျူဆာတွေ ဟာရှောင်ကွန်နရီ ကို စံချိန် တင်သရုပ်ဆောင်ကြေးဒေါ်လာ ၁ ဒသမ ၂၅ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ရှောင်ကွန်နရီ နောက်ဆုံး ပါဝင်ရိုက်ကူးခဲ့တဲ့ဘွန်းဇာတ်ကားကတော့ ၁၉၈၁ ခုနှစ်ထွက် (Never say never again) ပါပဲ။ စိတ်ဝင်စားဖို့ ကောင်းတာက ဒီဇာတ်ကားနာမည်ကို ရှောင်ကွန်နရီရဲ့ဇနီးက ပေးခဲ့တာပါပဲ။ ဂျိမ်းစဘွန်းအဖြစ် ဘယ်တော့မှ သရုပ်မဆောင်တော့ဘူးလို့ ပြောခဲ့ပေမယ့် ငွေကြေးလိုအပ်ချက်အရ ပြန်လည်သရုပ်ဆောင်ရတဲ့ ရှောင်ကွန်နရီရဲ့ ဆုံးဖြတ်ချက်ကို ရည်ရွယ်ပြီး ဒီနာမည်ပေးခဲ့တာလို့ သိရပါတယ်။

Ian Fleming at his desk at Goldeneye, Jamaica

ဒါပေမယ့်လည်း ဒီကားအပြီးမှာတော့ ရှောင်ကွန် နရီဟာ တကယ်ပဲဘဂျိမ်းစဘွန်းဇာတ်ရုပ်ကို စွန့်ခွာသွားခဲ့ ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ရှောင်ကွန်နရီဟာ နာမည် ကျော်ရုပ်ရှင်ဇာတ်ကားတချို့မှာ ဆက်လက်ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီအထဲမှာ ထူးခြား တာကတော့ သူ့ထက် ၁၂ နှစ်သာငယ်တဲ့ အမေရိကန်မင်းသား ဟယ်ရီဆင်ဖို့ဒ် နဲ့ တွဲပြီးသားအဖ အဖြစ်သရုပ် ဆောင်ခဲ့တဲ့ အင်ဒီယာနာဂျုံးဇာတ်ကားပါပဲ။ ရှောင်ကွန်နရီဟာ ဂျိမ်းစဘွန်းခေတ်ကိုစတင်သူဖြစ်သလို အ အောင်မြင် ဆုံးမင်းသားကြီးဖြစ်ခဲ့ပေမယ့် အော်စကာဆုကိုတော့ တစ်ကြိမ် ပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီဆုက တော့ ၁၉၈၇ ခုနှစ်က ထွက်ရှိတဲ့ the untouchables ဇာတ်ကားနဲ့ အတူရခဲ့တဲ့ ဇာတ်ပို့ဆုပဲဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က Lord of the rings ဇာတ်ကားမှာ မှော်ဆရာကြီး ဂန်းဒပ်ဖ် အဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် ရှောင်ကွန်နရီက ငြင်းဆန်ခဲ့ပါတယ်။ အခုတော့ဘယ်အခြေအနေမျိုးမဆိုရုန်းထွက်နိုင်ခဲ့တဲ့အေးဂျင့်ကြီးဟာလူသားတိုင်းမလွန်ဆန်နိုင်တဲ့မရဏခရီးကိုလျှောက်လှမ်းသွားပါပြီ။

ဘာသာပြန် – ကိုဆွဲ(မုံရွာ)