2020E! People’s Choice Awards အခမ်းအနားမှာ ဂျပ်စတင်ဘီဘာ ဖျော်ဖြေမယ်

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာမော်နီကိုမြို့မှာ ကျင်းပမယ့် 2020E! People’s Choice Awards ဆုပေးပွဲအခမ်းအနားကို ကနေဒါဖွား နာမည်ကျော်အဆိုတော် ဂျပ်စတင်ဘီဘာ တက်ရောက် ဖျော်ဖြေမယ်လို့ သိရပါတယ်။

ဒီ အနုပညာထူးချွန်ဆုပေးပွဲကို ၁၉၇၅ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်/သံ ကုမ္ပဏီ NBC ရဲ့ လက်အောက်ခံရုပ်/သံကုမ္ပဏီခွဲတစ်ဖြစ်တဲ့ E! က ကမကထပြုခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာတော့ E! People’s Choice Awards လို့အမည်တွင်လာပါတယ်။

E! People’s Choice Awards ဆုတွေကို ရုပ်ရှင်၊ ဂီတနဲ့ ရုပ်/သံ နယ်ပယ်တွေက ထူးချွန်သူတွေကို ပရိသတ်တွေက အွန်လိုင်းကတစ်ဆင့် နှစ်အလိုက်မဲပေးရွေးချယ် ချီးမြှင့်တာဖြစ်ပြီး ဒီနှစ်မှာတော့ ဂျပ်စတင်ဘီဘာက ထူးချွန်ဆု ၇ ခုအတွက် ဆန်ကာတင်စာရင်းထဲ ပါဝင်နေကြောင်း bailboard ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

ကိုးကား – Bailboard.com
သတင်း – မောင်ဇေယျ