စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး မစိုးရိမ်ဖို့ သူ့ပရိသတ်တွေထံ ဘရစ်တနေစပီးယား သတင်းစကားပါး

တစ်ချိန်က ပေါ့ပ်ဘုရင်မတစ်ဦးအဖြစ်အောင်မြင်ခဲ့တဲ့ ဘရစ်တနေစပီးယားက သူ့ရဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့ ပရိသတ်တွေအတွက် မစိုးရိမ်ဖို့ သူ့အနေနဲ့ဘဝမှာ အပျော်ရွင်ဆုံးအချိန်ကို ပိုင်ဆိုင်ထားကြောင်း လူမှုကွန်ရက်ကတစ်ဆင့် သတင်းစကားပါးလိုက်ပါတယ်လို့ Channel News Asia သတင်းတစ်ရပ်က ဆိုပါတယ်။

တနင်္လာနေ့က အင်စတာဂရမ်မှာ တင်လိုက်တဲ့ ဗီဒီယိုကလစ်တစ်ခုမှာတော့ ဘရစ်တနေစပီးယားက “ကျွန်မအကြောင်းကို လူတွေအမျိုးမျိုးပြောနေကြတာတွေကို သိပါတယ်။ ဒါပေမယ့် အားလုံးကို သိစေချင်တာက အခု ကျွန်မ အေးဆေးပါပဲ။ ဘဝရဲ့ အပျော်ရွှင်ဆုံးအချိန်ကိုပိုင်ဆိုင်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ ဘရစ်တနေစပီးယားဟာ မူးယစ်ဆေးဝါးနဲ့ စိတ်ကျရောဂါတွေကြောင့် ပြန်လည်ထူထောင်ရေးစခန်းကို အကြိမ်ကြိမ်သွားခဲ့ရပြီး ၂၀၀၈ ခုနှစ်ကတည်းက သူ့စီးပွားရေးလုပ်ငန်းနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖခင်ဖြစ်သူက ထိန်းချုပ်ထားခဲ့ရပါတယ်။

ဒီလိုဖခင်ရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်ခွင့်ရဖို့ မကြာသေးခင်က တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သလို့ သူ့ပရိသတ်တွေကလည်း ဘရစ္စတနေစပီးယားရဲ့ လွတ်လပ်ခွင့်အတွက် တောင်းဆိုခဲ့ကြပါတယ်။

ကိုးကား – CNA
သတင်း – မောင်ဇေယျ