ကိုဗစ်ကာလ ဆန္ဒမဲပေးရာ၌ ရောဂါကူးစက်မည်ကို စိုးရိမ်နေမှုများအပေါ် အမြင်သဘောထားများ

ဦးမောင်မွှေး(ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ)

“မဲရုံထဲကို ဝင်တဲ့အခါမှာ စုပြုံတိုးပြီးဝင်ရမှာ မဟုတ်ဘူး၊ ၂၀၁၅ တုန်းက ရွေးကောက်ပွဲပုံစံမျိုးမဟုတ်ဘူး၊ ကျွန်တော်ပြောချင်တာက စိတ်ချလက်ချနဲ့ လာပြီးတော့ မဲပေးလို့ရပါတယ်”
ဒေါက်တာကျော်စိုးဝင်း

“မြို့နယ်ထူထပ်တဲ့ နေရာတွေမှာ ကိုဗစ်အတွက် မဲရုံတွေမှာ မဲရုံတစ်ရုံကို လူ ၁၀၀၀ လောက်ပဲ သတ်မှတ်ထားတယ်၊ ၁၀၀၀ ထက်ကျော်ရင် အဆိုင်းတွေနဲ့ ခွဲထားတယ်”
ဦးမောင်မွှေး

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမှ ညနေ ၄ နာရီအတွင်း ကျင်းပမည်ဖြစ်သည်။ ယခု အချိန်အခါတွင် ကိုဗစ်(၁၉) ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါများ ကူးစက်ပြန့်ပွားမှုများရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း နေ့စဉ် ကိုဗစ်ပိုးကူးစက်မှုများကလည်း များပြားလျက်ရှိသည်။ ယင်းကြောင့် ရွေးကောက်ပွဲကျင်းပရာ မဲရုံများတွင် ကိုဗစ်ကာကွယ်ရေး ကြိုတင်ပြင်ထားမှု အခြေအနေများ၊ ရွေးကောက်ပွဲနေ့တွင် ရောဂါပိုးကူးစက်ခံရမည်ကို ပြည်သူများ စိုးရိမ်မှု ရှိနေမှုအပေါ် အကြံပြု ပြောကြားချက်များ စသည်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးများမှ တာဝန်ရှိသူများကို စံတော်ချိန်က မေးမြန်း ဖော်ပြပေးလိုက်ပါသည်-


ရန်ကုန်မြောက်ပိုင်းခရိုင်မှာ မြို့နယ်က ကိုးမြို့နယ် ပါဝင်ပါတယ်။ မဲဆန္ဒရှင်က ၂၂၄၄၃၀၀ ရှိတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာတော့ မဲရုံပြင်ပမှာ တာဝန် ထမ်းဆောင်ဖို့ ငါးယောက်ရှိပါတယ်။ တစ်ယောက်က အပူချိန်တိုင်းမယ်။ ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုပေးမယ့် Mask တပ်တာ တို့၊ လက်ဆေးတာတို့ကို စီစဉ်ညွှန်ကြားပေးတာ တစ်ယောက်ရှိမယ်။ မဲရုံအကုန်ပြောရင် ၁၇၃၁ ရုံရှိပါတယ်။ နောက်ပြီးတော့ Social Distancing အရ လူတွေကို စီစဉ်ပေးတာတစ်ယောက် ရှိမယ်။ နှစ်ယောက်ကတော့ အရန်ပေါ့။ စုစုပေါင်းငါးယောက် ထားပေးထားပါတယ်။ ရွေးကောက်ပွဲမှာ လူတွေတစ်ပြိုင်တည်း စုပြီးမလာ အောင် မဲဆန္ဒရှင်တွေကိုတော့ အချိန်လေးတွေ ပိုင်းပေးထားတာလေး တွေရှိတယ်။ မနက် ၆ နာရီကနေ ၉နာရီ၊ ၉ နာရီကနေ ၁၂ နာရီ၊ ၁၂ နာရီကနေ ၂ နာရီ နဲ့ ၂ နာရီကနေ ၄ နာရီဆိုပြီး အချိန်လေးပိုင်းပေါ့။ မဲဆန္ဒရှင်ရဲ့ သက်သေခံ ကတ်လေးတွေရဲ့ အမှတ်လေးတွေမှာ အချိန် လေးတွေ ရေးပေးခဲ့တယ်။ တစ်ပြိုင်နက် စုပြီးလာ စရာမလိုဘူး။ ဒီအချိန်လေးအတွင်းမှာ ဒီမဲဆန္ဒ ရှင်က အသက်ဘယ်လောက်ဆိုပြီး မဲပေးဖို့ပေါ့နော်။ ဒါမျိုးလေးတော့ စီစဉ်ထားတယ်။ တကယ်လို့ သတ်မှတ်တဲ့အချိန်တွေမှာ မအားလည်း ကိုယ်အဆင်ပြေတဲ့အချိန် မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်း လာလို့ရတယ်။ မြို့နယ်ထူထပ် တဲ့နေရာတွေမှာ ကိုဗစ်အတွက် မဲရုံတွေမှာ မဲရုံတစ်ရုံကို လူ ၁၀၀၀ လောက်ပဲ သတ်မှတ် ထားတယ်။ ၁၀၀၀ ထက်ကျော်ရင် အဆိုင်း တွေနဲ့ခွဲထားတယ်။ အဲဒီလို အဆိုင်းတွေခွဲတဲ့ အတွက် အခုလည်း ကြိုတင်မဲတွေလုပ်လိုက် တော့ လူက သိပ်တော့မများလောက်ဘူး။ မဲရုံ တွေတိုးချဲ့တယ်။ အဆိုင်းတွေ ခွဲတယ်။ အရင် တုန်းကဆိုရင် မဲရုံတစ်ရုံမှာ ၂၀၀၊ ၃၀၀ကနေ ၃၀၀၀ အထိရှိတယ်။ အခုက မဲရုံမှာ ၁၀၀၀ ကျော်ရင် အဆိုင်းနှစ်ဆိုင်း၊ ၂၀၀၀ ကျော်ရင် သုံးဆိုင်းသတ်မှတ်ထားတယ်။ အဲဒီ ၁၀၀၀ ကျော်မှာ ကြိုတင်မဲတွေ၊ ဘာတွေနဲ့လုပ်တော့ ၁၅၊ ၂၀ လောက်ရာခိုင်နှုန်းက လျော့သွားတာ ပေါ့။ ခဏတာလာပြီးမှတော့ ကိုဗစ်မကူးနိုင်ပါ ဘူး။ ကြိုတင်ကာကွယ်ပစ္စည်းတွေ အကုန်ပါပါ တယ်။ ကျွန်တော်တို့ 95 Mask တွေပေးမယ်။ Face Shield ပေးမယ်။ ကော်မရှင်ကလည်း ဒါတွေ ထောက်ပံ့ပေးမယ်။ ပြီးရင် မဲရုံထဲဝင်တာ နဲ့လက်ဆေးမယ်။ မဲပေးမယ်။ အားလုံးထွက်တဲ့ အချိန်မှာ လက်ဆေးပြီး မင်တို့မယ်။ ထွက်မယ်။ အဲဒီခဏတာအတွင်းမှာ အပြင်မှာလည်း လူစုလူ ဝေးမဖြစ်အောင် အတတ်နိုင်ဆုံး စီစဉ်ပေးမယ်။ အဲဒီလောက်အတွင်းမှာတော့ ခဏတာမကူး နိုင်ပါဘူး။ အဲဒီတော့ မဲဆန္ဒရှင်ပြည်သူများ လုံခြုံ စိတ်ချစွာ ဆန္ဒမဲပေးနိုင်အောင် ကော်မရှင်က လည်း စီစဉ်ထားပါတယ်။ အားလုံးလုံခြုံစိတ်ချ စွာနဲ့ လာရောက်ပေးနိုင်ပါတယ်လို့ ကော်မရှင်က တိုက်တွန်းပါတယ်။ အားလုံးက ဒါတွေကို နိုင်ငံတော်က မဲဆန္ဒရှင်ပြည်သူတိုင်းကို 95 Mask နဲ့ Face Shield တွေလည်းပေးမှာပါ။ မဲရုံဝန်ထမ်းတွေကို လုံခြုံစိတ်ချစွာ တာဝန်ထမ်းဆောင်နိုင်ဖို့ အကုန်လုံးကျန်းမာရေးနဲ့ သတ်မှတ်ထားတဲ့ ညွှန် ကြားချက်အတိုင်း အကုန်လုံးပြည့်စုံစွာ စီစဉ်ပေးထားပါတယ်။ ဒါကြောင့် ပြည်သူများ မဲလာပေးကြပါ။

“လာတဲ့ မဲဆန္ဒရှင်တွေကိုလည်း N95 Mask နဲ့ လဲတပ်ပေးမယ်။ သူတို့တပ်လာတဲ့ Mask တွေ လဲပေးမယ်။ မဲရုံပြင်ပမှာ တာဝန်ချထားတာ ငါးယောက်ရှိတယ်။ သူတို့တွေက လက်သန့်ဆေးတွေ အသုံးပြုပေးမယ်။ အပူချိန်တွေ တိုင်းတာမယ်။”

ဒေါက်တာကျော်စိုးဝင်း (ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ)

ကျွန်တော်တို့ ရွေးကောက်ပွဲနေ့ ၈ ရက် နေ့မတိုင်ခင် မဲရုံတွေကို ဆေးဖျန်းတဲ့လုပ်ငန်း တွေလုပ်မယ်။ မဲရုံ ပြင်ဆင်မယ်ပေါ့။ မဲရုံပြင်ဆင် ပြီးလို့ ကျွန်တော်တို့ ၈ ရက်နေ့ကျရင် မဲရုံ ပြင်ပမှာ ငါးဦးထားမယ်။ ရောက်လာတဲ့သူတွေကို အဖျား တိုင်းမယ်။ ပြီးတော့ Mask ကို N95 Mask နဲ့ လဲမယ်။ မဲရုံမှာ မဲပေးတဲ့သူတွေကို Social Distancing ခြောက်ပေအကွာနေဖို့ ဆောင် ရွက်ပေးမယ်။ မဲရုံထဲရောက်ရင် သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ကျွန်တော်တို့က ရေမလို လက်သန့်ဆေးရည်ထားပေးတယ်။ ဆေးဖျန်းပြီး သား ဘောပင်သုံးထားတယ်။ အကောင်းဆုံးက တော့ မဲဆန္ဒနယ်ရှင်တွေက မိမိရဲ့ဘောပင်ကို ကိုင်လာရင် ပိုကောင်းတယ်။ နောက်ဆုံးအဆင့် မင်မတို့ခင်မှာ တချို့ကျတော့ လက်အိတ်လေး တွေပါလာတယ်။ လက်အိတ်ချွတ် ဆေးဖျန်းပြီး ရင် မင်တို့ပေါ့။ အကယ်၍ ဖျားတဲ့သူတွေပါလာ ခဲ့ရင် သူ့ကို သီးသန့်မဲပေးဖို့နေရာတွေ စီမံပေးထားမယ်။ သူတို့လည်း မဲပေးနိုင်ခွင့် မဆုံးရှုံးစေဖို့ ပေါ့။ ကျွန်တော်တို့ ခရိုင်မှာကတော့ မဲဆန္ဒရှင် ၁၉ သိန်းရှိတယ်။ အသက်(၆၀)ပြန်နုတ်လိုက်ရင် တော့ ၁၉ သိန်းအောက်လျော့သွားပြီ။ နှစ်သိန်း ကျော်လောက်ပြန်လျော့သွားပြီး ၁၇ သိန်းကျော် လောက်ပဲ ကျန် တော့မှာပေါ့။ အခုဆိုရင် ဘတ်စ် ကားစီးတာတွေဘာတွေရှိတယ်။ ကျပ်တည်းတဲ့ နေရာတွေကိုတောင် အများကြီးသွားလာမှုတွေ ရှိတယ်။ အဲဒီနေ့ကျရင် Mask တွေ တပ်လာမယ်။ လက်အိတ်လေးတွေစွပ်လာမယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေကွာမယ်။ ပြီးတော့ မဲရုံထဲကိုဝင်တဲ့အခါမှာ စုပြုံတိုးပြီး ဝင်ရ မှာမဟုတ်ဘူး။ ၂၀၁၅ တုန်းက ရွေးကောက်ပွဲ ပုံစံမျိုးမဟုတ်ဘူး။ ကျွန်တော် ပြောချင်တာက စိတ်ချလက်ချနဲ့ လာပြီးတော့ မဲပေးလို့ရပါတယ်။ ကျွန်တော်တို့က ကိုဗစ်ကာကွယ်ရေး လုပ်ငန်း တွေကို သေချာလုပ်ဆောင်ထားပါတယ်။ မဲရုံ တစ်ရုံကို လူဦးရေ ၇၅၀ လို့ သတ်မှတ်ထားတာ ပေါ့။ ဒါပေမဲ့ သူ့ထက်များတဲ့မဲရုံတွေလည်း ရှိမှာ ပေါ့။ အဆိုင်းခွဲတာတွေလည်း ရှိမှာပေါ့။

ဦးသိန်းလှိုင်(ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဥက္ကဋ္ဌ)

ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းတင် မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ကော်မရှင်က ညွှန်ကြားထားပြီးသားပါ။ ကိုဗစ် ကာကွယ်ရေးအတွက် ကျန်းမာရေးက ညွှန်ကြား ထားတဲ့ စည်းမျဉ်းတွေရှိတယ်။ ခြောက်ပေအကွာ နေရမယ်။ လာတဲ့မဲဆန္ဒရှင်တွေကိုလည်း N95 Mask နဲ့ လဲတပ်ပေးမယ်။ သူတို့တပ်လာတဲ့ Mask တွေ လဲပေးမယ်။ မဲရုံပြင်ပမှာ တာဝန် ချထားတာငါးယောက်ရှိတယ်။ သူတို့တွေက လက်သန့်ဆေးတွေ အသုံးပြုပေးမယ်။ အပူချိန် တွေ တိုင်းတာမယ်။ စနစ်တကျ တန်းစီရအောင် ဝန်ထမ်းတွေနဲ့ ဆောင်ရွက်ထားတယ်။ များသောအားဖြင့် စာသင်ကျောင်းတွေက မဲရုံတွေများ တော့ စာသင်ကျောင်းတွေရဲ့ရှေ့မှာ နေရာလွတ် တွေများတယ်။ သူတို့တန်းစီတဲ့အခါမှာ စနစ် တကျဖြစ်ဖို့ ပလတ်စတစ်ကြိုးတွေကို တန်းပြီး မထားဘဲ အကွေ့အကောက်လေးတွေနဲ့ စနစ်တကျလုပ်ပေးမယ်။ တောင်ပိုင်းခရိုင်မှာကတော့ မဲရုံပေါင်း ၁၇၄၄ ရုံရှိတယ်။ မြို့နယ်ကတော့ ကိုကိုးကျွန်းမပါ ကိုးမြို့နယ်။ ကိုကိုးကျွန်းပါရင် ၁၀ မြို့နယ်ပေါ့။ မဲဆန္ဒရှင်ဦးရေကတော့ ၁၁၂၉၀၀၀ ကျော်ရှိတယ်။ အခုလည်း မဲဆန္ဒ မပေးရင်လည်း ပြည်သူတွေအနေနဲ့ ဈေးဝယ် ထွက်ကြရတယ်။ အခုလည်း အလုပ်ရုံ၊ စက်ရုံတွေ ဖွင့်နေတယ်။ အဲဒီလောက်အထိ စွန့်စားရမှု မများပါဘူး။ မဲရုံလာမယ်၊ မဲပေးမယ်ဆိုရင် မိနစ် ပိုင်းလေးပဲကြာမယ်။ ပြီးတော့ အဲဒီမှာလည်း အကာအကွယ်တွေရှိမယ်။ အရမ်းကြီးစိုးရိမ်စရာ မရှိပါဘူး။ မဲပေးတဲ့အခါမှာ ၃၅ မိနစ်ကို လူ အယောက် ၁၀၀ ပြီးမယ်လို့ တွက်ချက်ထားတယ်။ တစ်ယောက်တစ်ယောက်မဲပေးတာက မိနစ်ပိုင်း၊ စက္ကန့်ပိုင်းလောက်ပဲ ကြာမှာပါ။

ဦးခင်မောင်ဝင်း(ရန်ကုန်တိုင်းဒေသကြီး အ နောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ)

မဲပေးတဲ့နေ့မှာ လူ ၇၀၀ ရှိတယ်ဆိုပါတော့ ၃၀၀ စီ၊ ၂၀၀ စီ အချိန်နဲ့ပိုင်းပိုင်းပြီး မနက် ၆ နာရီကနေ ၁၁ နာရီအထိ နံပါတ်ဘယ်လောက်ကနေ ဘယ်လောက်အထိ လာပါ။ ၁၁ နာရီကနေ မွန်းလွဲ ၂ နာရီလောက်အထိ နံပါတ် ဘယ်လောက် လာပါဆိုပြီး အဲဒီလိုတွေ စီစဉ်ထားပါတယ်။ အနောက်ပိုင်းခရိုင်မှာ မြို့နယ် ၁၂ ခု ပါဝင်မယ်။ မဲရုံက ၅၆၈ ရုံ ပါဝင်ပါမယ်။ မဲဆန္ဒရှင်စာရင်းက ၇၂၀၃၃၁ ယောက်ရှိတယ်။ နောက်ထပ် နောက်တိုးနည်းနည်းရှိမယ်။ မဲရုံရှေ့မှာ သုံးယောက်ရှိမယ်။ အပူချိန်တိုင်းမယ်။ Hand Gel ပေးမယ်။ Mask တွေပေး မယ်။ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာ တန်းစီတာမျိုး လုပ်ပေးမယ်။ ကျန်းမာရေးနဲ့အညီ လုပ်ပေးပါမယ်။ ကျွန်တော်တို့ မြို့နယ် ၁၂ ခုမှာ အသက် (၆၀)အထက်က ၁၂၀၀၀၀ လောက်ရှိတယ်။ ကြိုတင်မဲတွေလည်း ယူနေပြီဆိုတော့ အဲဒီနေ့မှာလည်း လူဦးရေနည်းသွားမှာပေါ့။ အဲဒီတော့ ပြည်သူတွေအနေနဲ့ မဲလာပေးကြပါ။ ကျန်းမာရေးနဲ့ အညီ တတ်နိုင်သမျှ ဆောင်ရွက်ထားပါတယ်။

စံတော်ချိန်သတင်းအဖွဲ့ -စုစည်းသည်

စံတော်ချိန်ဗိုက်ဗာ – https://tinyurl.com/y5vtkrh7
စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir