၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အထက(၁) ဒဂုံကျောင်းဝင်းအတွင်းမှာ ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက် ၆ နာရီကစတင်ပြီး ဆန္ဒမဲများပေးနေပြီဖြစ်ပါတယ်။



မဲရုံအတွင်း ဝင်ရောက်ရာမှာ ကိုယ်အပူချိန်တိုင်းခြင်းနှင့် KN95 နှာခေါင်းစည်းများပေးဝေတပ်ဆင်စေခြင်းတို့ကိုပြုလုပ်လျက်ရှိပြီး ဆန္ဒမဲပေးရာမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ COVID-19 လမ်းညွှန်ချက်များအတိုင်း လာရောက်မဲပေးကြတာကိုတွေ့မြင်ရပါတယ်။




ဒဂုံမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးရဲမင်းဦးလည်း မဲရုံအခြေအနေကိုလာရောက်လေ့လာစစ်ဆေးခဲ့ပြီး ဂျပန်နိုင်ငံအစိုးရကိုယ်စားလှယ်အဖွဲ့များကလည်း ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာမှုများလည်း ရှိနေတာကိုမြင်တွေ့ရပါတယ်။
သတင်း – အဉ္ဇလီသင်း/စံတော်ချိန်
ဓာတ်ပုံ – ဖိုးသား/စံတော်ချိန်
စံတော်ချိန်ဗိုက်ဗာ – https://tinyurl.com/y5vtkrh7
စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir