အသက်ထက်ဝက်နီးပါးငယ်တဲ့ မင်းသမီးချောလေးနဲ့ အချစ်ဇာတ်လမ်းစတင်လိုက်တဲ့ ရပ်ဆဲခရိုး

ဟောလိဝုဒ်ဂန္ထဝင်မင်းသားကြီး ရပ်ဆဲခရိုးကတော့ ၈ နှစ်ကြာအောင် ရပ်ဆိုင်းထားခဲ့တဲ့ အချစ်ကစားပွဲကို အသက်ထက်ဝက်လောက်ငယ်တဲ့ မင်းသမီးတစ်လက်နဲ့အတူ ပြန်လည်စတင်လိုက်ပြီဖြစ်ပါတယ်။

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ရပ်ဆဲခရိုးဟာ အသက် ၃၀ အရွယ် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးဘရစ်တနေသီးရီးယော့ (Britney Theriot) နဲ့ စုံတွဲခုတ်နေပြီလို့ သတင်းတွေထွက်နေခဲ့ပြီးသားပါ။ ယမန်နေ့မှာတော့ ရပ်ဆဲခရိုးဟာ သူ့ရဲ့ နှလုံးသားပြန်လည်ပွင့်လန်းလာမှုကို အနမ်းတစ်ပွင့်နဲ့အတူ သက်သေပြခဲ့ပါတယ်။

ယမန်နေ့က ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က နေအိမ်အနီးမှာ ရပ်ဆဲလ်ခရိုးနဲ့ ဘရစ်တနေသီးရီးယော့တို့နှစ်ဦး တင်းနစ်ကစားခဲ့ကြပြီး ပွဲအပြီးမှာ ရပ်ဆဲခရိုးက အနမ်းတစ်ပွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၎င်းတို့နှစ်ဦးချစ်သူဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။ ရပ်ဆဲခရိုးဟာ ဇနီးဟောင်းဒန်နီယယ်စပင်ဆာနဲ့ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက လမ်းခွဲခဲ့ပြီး ၂၀၁၈ ခုနှစ်ကမှ ဥပဒေကြောင်းအရ ကွာရှင်းပြတ်စဲမှုကို အပြီးသတ်လက်မှတ်ထိုးနိုင်ခဲ့တာပါ။

ကိုးကား – Hollywood life
သတင်း – ကိုဆွဲ(မုံရွာ)